fbpx

Main Dish Snack

U.S. Hash Brown အသားပီဇာ

  • Ready Time: 60min
    No Reviews
  • Prep Time: 15min
    Cook Time: 45min
  • Serves: 2
    Prep Method: Baked
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • အေးခဲထားသော U.S. Hash Browns - ၅ လုံး
  • ထောပတ် - စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ (ခေါက်ပြီး) - ၃ လုံး
  • ခရမ်းချဉ်သီးဆော့စ် - စားပွဲတင်ဇွန်း ၄ ဇွန်း
  • အမဲသားကြိတ်သား - ၁/၂ ခွက်
  • ကြက်သွန်နီ (နုတ်နုတ်စဉ်း) - ၁ လုံး
  • ကြက်သွန်ဖြူ (နုတ်နုတ်စဉ်း) - ၃ မွှာ
  • အိုရီဂါနို (နုတ်နုတ်စဉ်း) - ၁/၂ လက်ဖက်ရည်ဇွန်း
  • ဆား - ၁/၄ လက်ဖက်ရည်ဇွန်း
  • ငရုတ်ကောင်း - ၁/၄ လက်ဖက်ရည်ဇွန်း
  • နေကြာဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ပွအနီ (ပါးပါးလှီး) - ၁ စိတ်
  • ငရုတ်ပွအစိမ်း (ပါးပါးလှီး) - ၁ စိတ်
  • ချက်ဒါချိစ့်(cheddar) - ၁/၄ ခွက်
  • မိုဇရဲလားချိစ် (mozzarella) - ၁/၃ ခွက်
  • မှို (ပါးပါးလှီး) - ၅ ပွင့်
  • ပင်စိမ်း - ၆ ရွက်

Preparation
Prep Time: 15min | Cook Time: 45min

  • ပီဇာအနားသား ပြုလုပ်ရန်အတွက် အေးခဲထားသော U.S. Hash Browns များကို အရည်ပျော်ရန် အခန်းအပူချိန်တွင် ၃ နာရီခန့်ထားပါ။ အရည်ပျော်နေသော U.S. Hash Browns များထဲမှ အရည်များကို တတ်နိုင်သမျှ ကုန်စင်အောင်ညှစ်ပါ။ ဇလုံအကြီးထဲတွင် အာလူးများကို ချေပြီး ထောပတ်၊ ကြက်ဥတို့ထည့်ကာ သမစွာနယ်ပါ။
  • မုန့်ဖုတ်စက်ကို ၃၅၀ ဒီဂရီ ဆဲလ်စီးယပ်အထိ ကြိုတင်အပူပေးထားပါ။ နယ်ထားသော U.S. Hash Browns များကို မုန့်ဖုတ်ဗန်းပေါ်တွင်တင်၍ ပီဇာပုံရအောင် ပုံသွင်းပါ။ ထို့နောက် မုန့်ဖုတ်စက်ထဲတွင် ၁၅ မိနစ်ခန့် ဖုတ်ပါ။ ပြီးလျှင် မုန့်ဖုတ်စက်ထဲမှထုတ်၍ အအေးခံထားပါ။
  • ဒယ်ပြားကို မီးအနေတော် ပေးထားပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို နေကြာဆီဖြင့် ဆီသတ်ပါ။ ကြက်သွန်နီများ နွမ်းစပြုလာလျှင် အမဲသားကြိတ်သားကို ဆီပူထိုးကြော်ပါ။ အသားကျက်လာလျှင် အိုရီဂါနို၊ ငရုတ်ကောင်းနှင့် ဆားတို့ကို ထည့်ပါ။ သမအောင်နယ်၍ အသားကျက်လျှင် အရသာကို လိုသလို ပြင်ဆင်ပါ။ ထို့နောက် မီးပိတ်ပြီး အအေးခံထားပါ။
  • ပီဇာဆော့စ်ကို ပီဇာအနားသားပေါ်တွင် နှံ့အောင်ဆမ်းပါ။ အသားများကို ထည့်ပြီးလျှင် ချက်ဒါချိစ်နှင့် မိုဇရဲလားချိစ်တို့ကို ပီဇာပေါ်တွင် ဖြူးပါ။ ချိစ်များပျော်လာသည်အထိ ပီဇာကို ၃၀၀ ဒီဂရီ ဆဲလ်စီးယပ်တွင် ၁၅ မိနစ်ခန့် ထပ်ဖုတ်ပါ။ ထို့နောက် မုန့်ဖုတ်စက်ထဲမှထုတ်၍ ပီဇာကို မိနစ်အနည်းငယ် အအေးခံပြီး ပင်စိမ်းရွက်များဖြူး၍ အလှဆင်ပါ။ ပီဇာကို စိတ်ခြမ်းပြီးလျှင် သုံးဆောင်နိုင်ပါပြီ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.