fbpx

Main Dish

U.S. အာလူး၊ မုန်လာဥနီနှင့်ကြက်တောက်တောက်အစာသွပ် ကြက်ဥလိပ်

  • Ready Time: 30min
    No Reviews
  • Prep Time: 15min
    Cook Time: 15min
  • Serves: 4
    Prep Method: BakedPan Fried
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • အေးခဲထားသော U.S. Straight Cuts - ၂၀၀ ဂရမ်
  • ကြက်ဥ - ၅ လုံး
  • မုန်လာဥနီ - ၁ လုံး
  • ကြက်သားကြိတ်သား - ၁၀၀ ဂရမ်
  • ချယ်ရီခရမ်းချဉ်သီး - ၅ လုံး
  • ခရမ်းချဉ်သီးဆော့ - ၁၀ မီလီလီတာ
  • ရသာမှုန့်
  • ဆား
  • ငရုတ်ကောင်း
  • ဆီအနည်းငယ်

Preparation
Prep Time: 15min | Cook Time: 15min

  • အေးခဲထားသော U.S. Straight Cuts များကို မုန့်ဖုတ်စက်ထဲတွင် ၂၀၀ ဒီဂရီ ဆဲလ်စီးယပ်ထား၍ ၃ မိနစ်ခန့် ဖုတ်ပါ။ သို့မဟုတ် မီးဖိုပေါ်တွင် ၃ မိနစ်ခန့် ကျက်သည်အထိ ဒယ်ပြားနှင့် ကြော်ပါ။ ထို့နောက် ဆားအနည်ငယ်ဖြူး၍ အရသာထည့်ပါ။
  • ကြက်ဥများကို ဆားအနည်းငယ်ထည့်၍ ခေါက်ပါ။ ဒယ်ပြားကို မီးဖိုပေါ်တင်၍ ဆီအနည်းငယ် ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ကြက်ဥများကို ဒယ်ပြားတွင် ပြန့်အောင် ထည့်ပါ။ ကြက်ဥကြော်ရပြီဆိုလျှင် အာလူးကြော်များထည့်၍ ကျစ်အောင်လိပ်ပါ။ လိုအပ်လျှင် ဆူရှိလိပ်ဖျာကို သုံးပါ။ ကြက်ဥအာလူးကြော်လိပ်ရလျှင် စိတ်တိုင်းကျ စိတ်ခြမ်းပါ။
  • မုန်လာဥနီကို အတုံးသေးသေးများ တုံးပြီး ကြက်သားကြိတ်သားနှင့် ဆီပူထိုးကြော်ပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းတို့ကိုထည့်ပြီး အရသာပြင်ပါ။
  • ခရမ်းချဉ်သီးဆော့စ်ကို ပန်းကန်ပြားပေါ်တွင် ဆမ်း၍ ကြက်ဥလိပ်ကို တင်ပါ။ ထို့နောက် မုန်လာဥနီနှင့် ကြက်သားကြိတ်သားကို အပေါ်တွင်ဖြူးပြီး ချယ်ရီခရမ်းချဉ်သီးနှင့် ဆလတ်ရွက်များဖြင့် အလှဆင်ပါ။ ပြီးလျှင် သုံးဆောင်နိုင်ပါပြီ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.