fbpx

Appetizer Side Dish Snack

ဟတ်ရ်ဘရောင်းမီနီပန်ကိတ်

  • Ready Time: 45min
    No Reviews
  • Prep Time: 15min
    Cook Time: 30min
  • Serves: 14
Share on Print

Description

အေးခဲ U.S. Hash Browns များနှင့် ပြောင်းဖူးစေ့များက ပေါ့ပါးသောပြီး အရည်ရွမ်းသော ပန်ကိတ်များကိုဖြစ်ပေါ်စေသည်။ ၎င်းတို့အားပုံမှန်အတိုင်း အဆာပြေမုန့်ကဲ့သို့ တည်ခင်းနိုင်သလို sour cream ဖြင့်လည်းကောင်း၊ သင်ကြိုက်နှစ်သက်ရာ ဆော့ဖြင့်လည်းကောင်း တည်ခင်းနိုင်သည်။ အဓိကဟင်းလျာအဖြစ် အသား၊ ငါ၊ စသည်တို့ကို ဆော့စ်၊အနှစ်သည်တို့ဖြင့်တည်ခင်းနိုင်သည်။

Ingredients

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူးစေ့ - ၃၀၀ ဂရမ်
  • နို့ - ၂၄၀ မီလီ လီတာ
  • ဟင်းချက်အနှစ် - ၁၆၀ မီလီလီတာ
  • ကြက်ဥ - ၄လုံး
  • ကြက်ဥအနှစ် - ၄လုံး
  • ဂျုံ - ၁၅၀ ဂရမ်
  • Baking Powder - ၁၅ ဂရမ်
  • ခြစ်ထားသော - ၃၀၀ ဂရမ်
  • ဆားမပါသောထောပတ် - ၁၀၀ ဂရမ်
  • သံလွင်ဆီ - ၆၀ မီလီလီတာ
  • ဆား - လိုသ‌လောက် (အာလူး၏အငံကိုချိန်ပါ)
  • ငရုတ်ကောင်းမှုန့် (အဖြူ) - လိုသလောက်

Preparation
Prep Time: 15min | Cook Time: 30min

  • ကြိတ်စက်ထဲတွင် နို့နှင့်ပြောင်းဖူးစေ့များကို (၂၀၀ ဂရမ်) အနှစ်ဖြစ်လာသည်အထိကြိတ်ပါ။
  • ထို့နောက် ခရင်မ်၊ ကြက်ဉနှင့် ကြက်ဉအနှစ်များကို ထည့်ကြိတ်ကာ ဇလုံတစ်ခုထဲထည့်ထားပါ။
  • ထို့နောက် ဂျုံ၊ နှင့် ဆားတို့ကိုသီးသန့် ဇလုံတစ်ခုထဲသို့ထည်ပါ။
  • ကြိတ်ထားသောအနှစ်များကို နံပါတ် ၃မှ ဇလုံထဲသို့ထည့်မွှေပါ။ အခဲများအားလုံးကျေသည်အထိ မွှေပေးပါ။
  • ထို့နောက် ပြောင်းဖူးစေ့အနှစ် ၁၀၀ ဂရမ်နှင့် ခြစ်ထားသော အာလူးများကိုထည့်ပါ။
  • မကပ်ဒယ်အိုးထဲအတွင် ထောပတ်များကိုအရည်ပျော်ပြီး သံလွင်ဆီထည့်ပါ။
  • ပန်ကိတ်ကြော်ရန် ၅၀ဂရမ်ရှိသည့် အနှစ်များကို ဒယ်အိုးထဲထည့်ပေးပါ။
  • ရွှေညိုရောင်သမ်းလာသည်အထိ ကြော်ပေးပါ။
  • ပန်းကန်ပြားတစ်ခုထဲသို့ ပြောင်းထဲပြီး နွေးနွေးလေးထားပါ။
  • အရည်ပျော်ထားသော ထောပတ်ဆမ်းကာတည်ခင်းပါ (သို့) သင့်အကြိုက်ဆုံး အနှစ်တစ်ခုခုဆမ်းကာ တည်ခင်းပါ။

 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.