fbpx

Main Dish Snack

U.S. အာလူးဘေကွန်ကပ်သလိပ်ကြော်နှင့် ကျောက်ပွင့်အရွက်သုပ်

  • Ready Time: 30min
    No Reviews
  • Prep Time: 15min
    Cook Time: 15min
  • Cuisine: Asian
  • Serves: 3
    Prep Method: Fried
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Dehydrated Potato Flakes - ၃၀၀ ဂရမ်
  • ဂျုံမှုန့် - ၃၀ ဂရမ်
  • ငရုတ်သီးအစိမ်းမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နံနံပင် - အနည်းငယ်
  • Bacon - ၁၀၀ ဂရမ်
  • ကျောက်ပွင့် - ၂၀ ဂရမ်
  • မုန်လာဥနီ - ၁ လုံး
  • သခွားသီး - ၂ လုံး
  • မုန်လာဥဖြူ - ၃ လုံး
  • Cherry ခရမ်းချဥ်သီး - ၅ လုံး
  • သံလွင်သီး - ၅ လုံး
  • ရွှေပဲသီး - ၁၀ ဂရမ်
  • ဆီ - ၁၀၀ မီလီလီတာ
  • ဟင်းခတ်မှုန့် - အနည်းငယ်
  • ပဲကြတ်မှုန့် - အနည်းငယ်
  • နွားနို့ - ၂၅၀ မီလီလီတာ
  • ရေ - ၂၅၀ မီလီလီတာ
  • ဆား - အနည်းငယ်

Preparation
Prep Time: 15min | Cook Time: 15min

ပြုလုပ်ပုံအဆင့်ဆင့်

  • အိုးထဲတွင် နွားနို့ထည့်ပြီး ပူအောင်တည်ထားပါ။ ပူလာလျှင် U.S. Dehydrated Potato Flakes ကို နည်းနည်းချင်းထည့်ပြီး သမအောင်မွှေပါ။ 
  • အရသာအတွက် ဆားအနည်းငယ်ထည့်ပါ။ ပြီးလျှင်အာလူးကိုခဏ အအေးခံထားပါ။ 
  • Baconကိုနုပ်နုပ်စဥ်းထားသော ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင်အရသာထည့်ပြီး အအေးခံထားသော အာလူးထဲရောထည့်ပါ။ 
  • ပြီးလျှင် မဆလာ ၊ ငရုတ်သီးအစိမ်းမှုန့် နှင့် နံနံပင်တို့ကိုထည့်ပါ။
  • ဂျုံမှုန့်အနည်းငယ်ထည့်ပြီး သမအောင်နယ်ပါ။ ပြီးလျှင် မိမိလိုချင်သော အာလူးကပ်သလိပ်အဝိုင်းပုံစံ ရအောင်ပြုလုပ်ပါ။
  • ဆီအနည်းငယ်ထည့်ပြီး နှစ်ဖက်လုံးအရောင်ရလာသည်အထိ အာလူးကိုကြော်ပြီး ဘေးဖယ်ထားပါ။ 
  • ကျောက်ပွင့်ကိုရေစိမ်ပြီး ရေနွေးဖျောထားပါ။ 
  • ပဲသီးနှင့်မုန်လာဥနီကို အရှည်လိုက်လှီးထားပါ။ ကျောက်ပွင့်နှင့်လှီးထားသောအရွက်များထည့်ပါ။ 
  • အရသာထည့်ပါ။ ဆီနှင့်ပဲမှုန့်ထည့်ပြီး အရသာအနေတော်ပြီဆိုလျှင် အသင့်ဖြစ်ပါပြီ။
  • ပန်းကန်ပေါ်တွင် ငှက်ပျောရွက်ခင်းပြီး အာလူးကပ်သလိပ်ထည့်ပါ။ ပြီးလျှင် အပေါ်မှသုပ်ထားသော ကျောက်ပွင့်သုပ်ထည့်ပြီး မိမိကြိုက်နှစ်သက်သလို အလှဆင်ကာတည်ခင်း ကျွေးမွေးနိုင်ပါသည်။ 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.