fbpx

Main Dish

U.S. အာလူးဘာလချောင်ကြော်နှင့်ပုန်းရည်ကြီးထမင်းသုပ်

  • Ready Time: 35min
    No Reviews
  • Prep Time: 15min
    Cook Time: 20min
  • Cuisine: Asian
  • Serves: 3
    Prep Method: Fried
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Frozen Hash Brown Rounds - ၃၀၀ ဂရမ်
  • ပုန်းရည်ကြီးအနှစ် - ၁၀၀ ဂရမ်
  • ငါးခြောက် (အသားသီးသန့်) - ၁၀၀ ဂရမ်
  • ကြက်သွန်ဖြူကြော် - ၂၀ ဂရမ်
  • ကြက်သွန်နီကြော် - ၂၀ ဂရမ်
  • ဆီ - ၁၀၀ မီလီလီတာ
  • ဟင်းခတ်မှုန့် - အနည်းငယ်
  • မြေပဲနီကြော် - ၂၀ ဂရမ်
  • သခွားသီး - ၁ လုံး
  • ဆလတ်ရွက် - ၆ ရြက္
  • ထမင်းဖြူ - ၂၀၀ ဂရမ်

Preparation
Prep Time: 15min | Cook Time: 20min

ပြုလုပ်ပုံအဆင့်ဆင့်

ငါးခြောက်ထောင်းကြော်နည်း

  • ငါးခြောက်ကိုရေစိမ်ထားပါ။ ပြီးလျှင်ရေနွေးဖြင့်ပြုတ်ပါ။ ပြုတ်ပြီးလျှင် ငါးခြောက်အသားမွလာသည်အထိ ကြာကြာထောင်းပါ။ ဒယ်အိုးထဲဆီထည့်ပြီး ပူလာလျှင်နနွင်းမှုန့်အနည်းငယ်ထည့်ပြီး ငါးခြောက်ကိုဆီသတ်ပါ။
  • ငါးခြောက်အနံ့မွှေးလာပြီဆိုလျှင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီကြော်ထည့်ပြီး မြေပဲကြော်ထည့်ကာ အရသာထည့်ပြီး သမအောင်မွှေပါ။ 
  • ပြီးလျှင် ပန်းကန်ထဲထည့်ပြီး အအေးခံထားပေးပါ။ 

U.S. Hash Brown Rounds ကြော်နည်း

  • အိုးထဲဆီထည့်ပြီး ဆီအပူချိန် ၁၈၀°C ရောက်ပြီဆိုလျှင် U.S. Frozen Hash Brown Rounds ထည့်ကြော်ပါ။ 
  • ရွှေအိုရောင်သမ်းသည်အထိကြော်ပြီး ဆီစစ်ထားပါ။ 

ပုန်းရည်ကြီးထမင်းပြုလုပ်နည်း

  • ထမင်းဖြူထဲသို့ ပုန်းရည်ကြီးအနှစ်ထည့်ပါ။ ဆီထည့်ပါ။ အရသာထည့်ပြီး သမအောင်သေချာနယ်ပါ။
  • အလိုရှိသောအရသာရပြီဆိုလျှင် ပန်းကန်ပေါ်တွင် ပုန်းရည်ကြီးထမင်းကိုပုံစံခွက်ထဲသို့ထည့်ပြီးလျှင် အပေါ်မှကြော်ထားသောအာလူးကို ဖြည့်ပြီးထည့်ပါ။
  • ထိုအာလူးပေါ်တွင် ဆလတ်ရွက်ခင်းပြီး ကြော်ထားသောဘာလချောင်ကြော်ကို အလှဆင်ပြီးထည့်ပါ။ 
  • သခွားသီနှင့်ပျဥ်းတော်သိမ်ရွက်ကြော်ပြီး အလှဆင်၍တည်ခင်းကျွေးမွေးပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.