fbpx

Soup Main Dish

U.S. အာလူးနှင့်အသားလုံးစွပ်

  • Ready Time: 70min
    No Reviews
  • Prep Time: 10min
    Cook Time: 60min
  • Serves: 4
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • အေးခဲအာလူး - ချိန်ခွက် ၄ခွက်
  • အမဲသားတောက်တောက် - ၁/၂ ကီလိုဂရမ်
  • ကြက်သွန်နီ (လှီးထားရန်) - ၁/၂ လုံး
  • ကြက်သွန်ဖြူ (တောက်တောက်စဉ်း) - ၇မွှာ
  • ပါစလေရွက် - ချိန်ခွက် ၁ခွက်
  • ကြက်ဥ - ၂လုံး
  • ပေါင်မုန့်ခြောက်မှုန့် - ချိန်ခွက် ၁ခွက်
  • ခရမ်းချဉ်သီး (ထက်ခြမ်းခြမ်းထားရန်) - ၁၀လုံး
  • ဝိုင်နီ - ချိန်ခွက် ၁ခွက်
  • ရေ (သို့) ကြက်ပြုတ်ရည် - ၁လီတာ
  • သံလွင်ဆီ - လက်ဖက်ရည်ဇွန်း ၅ဇွန်း
  • လတ်ဆတ်သော Thyme (နုပ်နုပ်စဉ်း) - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆားနှင့်ငရုတ်ကောင်း - သင့်တော်သလောက်

Preparation
Prep Time: 10min | Cook Time: 60min

  • ဇလုံတစ်ခုထဲတွင် အမဲသား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၄မွှာ၊ ပါစလေရွက်၊ ကြက်ဉနှင့် ပေါင်မုန့်ခြောက်မှုန့်တို့ကိုထည့်ပါ။ ဆားနှင့်ငရုတ်ကောင်းမှုန့်ထည့်ပြီး အသားလုံးပုံစံလုံးကာ သပ်သပ်ဖယ်ထားပါ။
  • ခရမ်းချဉ်သီးများကိုဇောက်ထိုးပုံစံ မုန့်ဖုတ်လင်ဗန်းထဲသို့ ထည့်ပါ။ ကြက်သွန်ဖြူ ၃မွှာ၊ ဆား၊ နှင့် သံလွင်ဆီတို့ကိုပါထည့်ပြီး ၂၀၀ဒီဂရီစီတွင် မိနစ်၃၀ခန့် မီးဖုတ်ပါ။ ခရမ်းချဉ်သီးများကို အခွံခွာပြီး ကြက်ပြုတ်ရည်နှင့်ဝိုင်တို့ထည့်ကာ ကြိတ်ပေးပါ။ ထို့နောက် ဆားနှင့်ငရုတ်ကောင်းထည့်ပါ။
  • ခရမ်းချဉ်သီးအနှစ်အား အိုးတစ်လုံးထဲသို့ထည့်ပြီး ဆူပွက်လာပါက အသားလုံးများကိုထည့်ပါ။ ၁၅မိနစ်ခန့်ချက်ပြီး ဆားနှင့်ငရုတ်ကောင်းထည့်ပါ။
  • မုန့်ဖုတ်ဗန်းပေါ်တွင် အတွန့်ပုံစံအေးခဲအာလူးချောင်းများကိုဖြန့်ကာ ၂၀၀ ဒီဂရီစီတွင် မိနစ် ၂၀ခန့် မီးဖုတ်ပါ (သို့) အညိုရောင်သမ်းလာသည်အထိမီးဖုတ်ပါ။

 

Nutrition

Calories587
Sodium255mg
Fiber7g
Protein35g

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.