Salad
Snack
U.S. Potato Blinis with King Crab & Apple Salad
Ready Time: 40min
No Reviews
Prep Time: 25min
Cook Time: 15min
Ingredients
Ingredients (Potato Blinis)
- U.S. Dehydrated Potato Flakes - ၅၀ ဂရမ်
- ကြက်ဥအကာ - ၂ လုံး
- နို့ - ၁၅၀ ဂရမ်
- ဘက်စုံသုံးဂျုံမှုန့် - ၅၀ ဂရမ်
- စမုန်ဖြူအရွက် - ၅ ဂရမ်
- ဆား ၊ ငရုတ်ကောင်း - အနည်းငယ်
နှင်းဂဏန်းအသုပ်အတွက် ပါဝင်ပစ္စည်းများ
- နှင်းဂဏန်းအသား (King Crab) - ၆၀ ဂရမ်
- သံပရိုသီးအရည် နှင့် အခွံ - ၁ လုံး
- ပန်းသီး(အစိမ်းရောင်) - ၅၀ ဂရမ်
- စမြိတ်ပင်(လှီးထား) - ၁၀ ဂရမ်
- ငရုတ်သီး (လှီးထား) - ၃ ဂရမ်
- ကြက်သွန်နီ (လှီးထား) - ၁၀ ဂရမ်
- ကြက်သွန်ဖြူမီးကင် - အမွှာကြီး ၁ မွှာ
- သံလွင်ဆီ - ၂၀ ဂရမ်
- ဆား ၊ ငရုတ်ကောင်း - အနည်းငယ် (အရသာအတွက်)
Preparation
Prep Time: 25min | Cook Time: 15min
ပြုလုပ်ပုံအဆင့်ဆင့်
- ကြက်ဥအကာကို ပွလာသည်အထိ ခလောက်ပြီး ဘေးဖယ်ထားပါ။
- ဇလုံတစ်ခုထဲတွင် နွားနို့နှင့် ဂျုံမှုန့်ထည့်ကာ မွှေပါ။ ပြီးလျှင် U.S. Dehydrated Potato Flakesနှင့် စမုန်ဖြူရွက် (thyme)ထည့်ပြီး မုန့်နှစ်ညက်သည်အထိ မွှေပေးပါ။
- အရသာအတွက် ဆား ၊ ငရုတ်ကောင်းအနည်းငယ်ထည့်ပါ။ ပြီးလျှင် ဇကာဖြင့် စစ်ချပါ။
- ခလောက်ထားသော ကြက်ဥအကာကို အာလူးအနှစ်ထဲရောထည့်ပြီး ဖြေးဖြေးချင်း ရောမွှေပေးပါ။
- ဒယ်ပြားထဲတွင် ဆီ (သို့) ထောပတ်အနည်းငယ်ထည့်ပါ။ ပြီးလျှင် အာလူးအနှစ်ကို ထမင်းစားဇွန်းဖြင့်ခပ်ပြီး ပန်ကိတ်ကြော်သည့်နည်းအတိုင်းကြော်ပေးပါ။
အသုပ်ပြုလုပ်ပုံအဆင့်ဆင့်
- အသုပ်ဇလုံတစ်ခုထဲတွင် ပါဝင်ပစ္စည်းများအားလုံးကိုရောထည့်ပြီး သေချာနှံ့အောင် နယ်ပါ။
- အရသာအတွက် ဆား ၊ ငရုတ်ကောင်းထည့်ပါ။
- U.S. Potato Blinis အပေါ် နှင်းဂဏန်းအသုပ်တင်ပြီး လှီးထားသောပန်းသီးတစ်လွှာကို အပေါ်မှ အုပ်လိုက်ပါ။