fbpx

Appetizer Snack

U.S. Potato & Minced beef with Herb Sour Cream & Chives

  • Ready Time: 45min
    No Reviews
  • Prep Time: 15min
    Cook Time: 30min
  • Serves: 4
    Prep Method: Fried
Share on Print

Ingredients

Ingredients

  • U.S. Frozen Sidewinders - ၅၀ဝ ဂရမ်
  • အမဲသားတောက်တောက်စဉ်း - ၃၀ဝ ဂရမ်
  • ပဲကတ္တီပါ - ၁၀ဝ ဂရမ်
  • ငရုတ်ပွ - ၅၀ ဂရမ်
  • ခရမ်းချဉ်သီး (အခွံခွာ၊ အစေ့ထုတ်၊ လှီးထား) - ၁၀ဝ ဂရမ်
  • အရောင်တင်မှုန့် - လဘက်ရည်ဇွန်း ၁ ဇွန်း
  • ဇီယာမှုန့် - လဘက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ - ၅၀ ဂရမ်
  • ကြက်သွန်ဖြူ - ၂၀ ဂရမ်
  • စမုန်ဖြူရွက် - ၁၅ ဂရမ်
  • သံလွင်ဆီ - ၃၀ ဂရမ်
  • ဆား ၊ ငရုတ်ကောင်း - အနည်းငယ် (အရသာအတွက်)

Herb Sour Cream အတွက် ပါဝင်ပစ္စည်းများ

  • Cooking Cream - ၁၀ဝ ဂရမ်
  • သံပရိုသီးအရည်နှင့်အခွံ - ၁ လုံး
  • တရုတ်နံနံ (လှီးထား) - ၁၀ ဂရမ်
  • နံနံပင် (လှီးထား) - ၁၀ ဂရမ်
  • ဆား ၊ ငရုတ်ကောင်း - အနည်းငယ် (အရသာအတွက်)

Preparation
Prep Time: 15min | Cook Time: 30min

အမဲသားတောက်တောက်စဉ်းပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

  • ဟင်းသီးဟင်းရွက်များကို အသင့်ပြင်ဆင်ထားပါ။ ကြက်သွန်နီကို အတုံးလေးများဖြစ်အောင်လှီးထားပါ။ ငရုတ်ပွကို တစ်ဝက်ဝက်ပြီး အညှာနှင့်အစေ့များကို ဖယ်ရှားပြီး လှီးထားပါ။ ကြက်သွန်ဖြူအခွံခွာပြီး သေချာလှီးထားပါ။
  • မီးအလယ်အလတ်ဖြင့် ဒယ်ပြားကို အပူပေးပါ။ ဆီ ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး ၁-၂ မိနစ်ခန့် အပူပေးထားပါ။
  • ပြီးလျှင် ကြက်သွန်နီထည့်ပြီး ၅ မိနစ်ခန့် မကြာခဏမွှေပေးပါ။ သို့မဟုတ် ကြက်သွန်နီများ ပျော့လာပြီး အရောင်ပြောင်းလာသည်အထိ ချက်ပေးပါ။ ကြက်သွန်ဖြူ ၊ ငရုတ်သီးအနီ ၊ အရောင်တင်မှုန့် ၁ ဇွန်း ၊ ဇီယာမှုန့် ၁ ဇွန်း
  • ထည့်ပါ။ သေချာမွှေပေးပြီး နောက်ထပ် ၅ မိနစ်ခန့်ထပ်ချက်ထားပါ။ မကြာခဏ မွှေပေးပါ။
  • မီးနည်းနည်းထပ်တင်ပြီး အသားထည့်ပါ။ အသားကို ဇွန်း (သို့မဟုတ်) ယောက်မဖြင့် သေချာချေပါ။ ဆီပူတွင် အသားထည့်ကြော်သည့်အခါ တရှဲရှဲကြော်သံ ကြားရပါလိမ့်မည်။
  • နောက်ထပ် ၅ မိနစ်ခန့် အသားအားလုံးကြေပြီး ပန်းရောင်မသမ်းတော့သည်အထိ မွှေပေးပါ။ အပူချိန်သည် အသားပြုတ်ချက်မဟုတ်ပဲ အသားကြော်လို့ရပြီး အညိုရောင်သမ်းလာသည့် အပူချိန်ဖြစ်ရပါမည်။
  • ခရမ်းချဉ်သီး ၊ အမဲသားပြုတ်ရည် ၊ စမုန်ဖြူရွက်ထည့်ပါ။ ဆားနှင့်ငရုတ်ကောင်းထည့်ပါ။
  • နှပ်ထားပြီး ဆူပွက်လာသည်အထိထားပါ။ သေချာမွှေပြီး အဖုံးအုပ်ထားပါ။ မီးလျှော့ပြီး ဆူရုံလောက် တည်ထားပါ။ မိနစ် ၂၀ ခန့် ဆက်တည်ထားပါ။
  • ပဲကတ္တီပါပြုတ်ထည့်ပြီး နောက်ထပ် ၁၀ မိနစ် ထပ်တည်ပါ။

Herb Sour Cream ပြုလုပ်ပုံအဆင့်ဆင့်

  • ဇလုံတစ်ခုထဲတွင် ခရင်ထည့်ပြီး ပွလာသည်အထိ ခလောက်ပေးပါ။ သံပရိုအရည် ၊ အခွံ၊ တရုတ်နံနံ ၊ နံနံပင်တို့ထည့်ပါ။ အရသာအတွက် ဆားနှင့်ငရုတ်ကောင်းထည့်ပါ။

U.S. Potato Sidewinders

  • U.S. Potato Sidewinders ကို အပူချိန် ၁၈၀°C တွင် ရွှေညိုရောင်သမ်းလာသည် အထိ ကြော်ပါ။
  • အမဲသားကို ကြော်ထားသော U.S. အာလူးကြော်ပေါ်တင်ပြီး Herb Sour Cream ကို အမဲသားအပေါ်မှ ဆမ်းကာ ကြက်သွန်မြိတ်ဖြူးပြီး အလှဆင်ပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.