Snack
U.S. အာလူးနှင့်ချိစ်လုံးကြော်
No Reviews
Prep Time: 5min
Cook Time: 30min
Serves: 1
Ingredients
ပါ၀င်ပစ္စည်းများ
- U.S. frozen hash brown - ၃၀၀ ဂရမ်
- Mozzarella ချိစ် - ၂၀၀ ဂရမ်
- ပေါင်မုန့်ခြောက် - ၁၀၀ ဂရမ်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ဇွန်း
- ဆား - 3 ဇွန်း
- ဂျုံမှုန့် - ၁၀၀ ဂရမ်
- ကြက်ဥ - ၂လုံး
Preparation
Prep Time: 5min | Cook Time: 30min
ပြုလုပ်နည်းအဆင့်ဆင့်
- ၁။ U.S. Frozen Hash brown များကို ရေထည့်ပြီး ပြုတ်ထားပါ။
- ၂။ အာလူးများ နူးညံ့လာသည်အထိ ပြုတ်ပါ။
- ၃။ ပြုတ်ထားသော အာလူးများကို ချေပြီး ဂျုံမှုန့်၊ ဆား၊ ငရုတ်ကောင်းတိုဖြင့် ရောနယ်ပါ။
- ၄။ ချေထားသော အာလူးများကို အလုံးလေးများ လုံးပါ။
- ၅။ အာလူးလုံးများထဲတွင် ချိစ်အဆာသွပ်ပါ။
- ၆။ ချိစ်အဆာသွပ်ထားသော အာလူးလုံးများကို ကြက်ဥနှင့် ပေါင်မုန့်ခြောက်ကပ်ပါ။
- ၇။ အာလူးလုံးများကို အညိုရောင်သန်းလာသည်ထိ ကြော်ပါ။
- ၈။ ကြွပ်ကြွပ်ရွရွ U.S.အာလူးနှင့်ချိစ်လုံးကြော်များကို ခရမ်းချဉ်သီးဆော့စ်နှင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ။