fbpx

Dessert Snack

U.S. Potato Smiley Fries Marshmallow Chocolate Pop

  • No Reviews
  • Prep Time: 10min
    Cook Time: 15min
  • Serves: 6
Share on Print

Ingredients

  • U.S. frozen potato smiley fries - ၁၂ခု 
  • သံလွင်ဆီ, smiley အာလူး နှစ်ဖက်လုံးဆီသုပ်ရန် - ထမင်းစားဇွန်း ၁ ဇွန်း
  • Chocolate marshmallow - ၉၀ ဂရမ်
  • အရမ်းမချိုသော ချောကိုလက်စေ့များ - ၁/၂ ခွက်
  • ချောကိုလက်ဖြူစေ့များ - ၁/၂ ခွက်
  • စတော်ဘယ်ရီအရသာ ချောကလက်စေ့များ - ၁/၂ ခွက်
  • အုန်းဆီ, ၁ ဇွန်း ဆီခွဲထည့်ရန် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • အရောင်စုံအစေ့ဖတ်လေးများ, (ကိတ်မုန်ံ့၊ ကွတ်ကီး၊ ရေခဲမုန့်များအပေါ် အလှဆင်ရန်အသုံးပြုသည်) လက်မှူပညာ၊ ‌ရေခဲချောင်း များအတွင် အသုံးပြုသော တုတ်ချောင်း - ၆ ချောင်း

Preparation
Prep Time: 10min | Cook Time: 15min

ပြုလုပ်နည်း

  • ၁။ သံလွင်ဆီဖြင့် U.S. Frozen Smiley Fries နှစ်ဖက်လုံးကို စုတ်တံလေးဖြင့် သုတ်ပေးပါ၊ ပြီးလျှင် ကြိုတင် ၁၈၀°C အပူပေးထားသော Oven ထဲ ၄ -၅ မိနစ်လောက် (သို့) ရွှေရောင်သမ်းပြီး ကြွပ်ရွလာလျှင်ရပါပြီ။ အအေးခံထားပါ!
  • ၂။ Marshmallow ကို ၁၅ ဂရမ်အတုံးလေးတွေ အာလူးပေါ်တင်ဖုတ်ပါ။ Marshmallow ဖောင်းဖောင်းလေးဖြစ်လာလျှင်ရပြီး။ Ovenထဲကနေထုတ်ပြီး အာလူး နောက်တစ်ခြမ်းဖြင့် marshmallow တွေပေါ်ဖိပြီးတင်ပါ။ ပြီးလျှင် သစ်သားတုတ်တံဖြင့် Potato marshmallow sandwich တစ်ခုချင်းစီရဲ့ အလယ်တည့်တည့်ကို တုတ်တံဖြင့်ထိုးပြီး ရေခဲသေတ္တာထဲ အအေးခံထားပါ။
  • ၃။ နှစ်ထပ်ရေနွေးပေါင်းအိုးထဲ ရေကိုဖြည်းဖြည်း ငြင်သာစွာဆူရုံတည်ပါ၊ မီးကိုမျင်မျင်လေးထားပါ၊ အပေါ်အိုးထဲ ချောကလက်အရသာတစ်ခုချင်းစီမှာ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီး အဆက်မပြတ်မွှေပေးပါ၊ ရေငွေ့ဖြင့် ချောကလက်စေ့များ အရည်ပျော်အောင်လုပ်ပါ။ ထိုနည်းအတိုင်း ချောကလက်စေ့များအားလုံးလုပ်ပါ။ အောက်က‌ရေပူဖြင့် အပေါ်အိုးမထိအောင်ထားပါ။ ‌ပျော်လာသော ချောကလက်အရသာတစ်မျိုးစီကို ဖန်ပုလင်း အရှည်တစ်ခုစီထဲလောင်းထည့်ပါ။
  • ၄။ Smiley potato marshmallow sandwich တစ်ချောင်းစီကို ချောကလက် အရသာတစ်မျိုးစီမှာ နှစ်စိမ်ပါ၊ ပတ်လည်အကုန် ချောကလက်အုပ်အောင် သေချာလှည့်ပေးပါ၊ ပြီးလျှင် အရောင်စုံအစေ့ဖတ်လေးများ ချောကလက်အရည် မခဲခင် ဖြူးပေးပြီး ဖယောင်းသွင်းစက္ကူ ပေါ်တင်ပါ။ ပြီးလျှင် ချောကလက်စိမ်ထားသော potato marshmallow sandwich အသင့်ဖြစ်အောင် ‌ရေခဲသေတ္တာထဲ ခဏထည့်ထားလိုက်ပါ။ ပျော်ရွင်ပါစေ & ကောင်းမွန်စွာစားသုံးနိုင်ပါစေ!

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.