fbpx

Soup

U.S. Steak Cut အာလူးနှင့် ငါး Tom Yum ဟင်းရည်

  • Ready Time: 40min
    No Reviews
  • Prep Time: 10min
    Cook Time: 30min
  • Cuisine: Asian
  • Serves: 3-4
    Prep Method: Boiled
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Frozen Steak Cut - ၁ ခွက်
  • တလားပီးယားငါးအသားပြား (အတုံးခတ်ကြီးကြီးတုံးထားပါ) - ၃၀၀ ဂရမ်

ပါဝင်ပစ္စည်းများ (ဟင်းရည်ပြုလုပ်ရန်)

  • အခွံနှင့် ပုဇွန်ခေါင်း - ၃၀၀ ဂရမ်
  • ရေ - ၈၅၀ မီလီ
  • ကြက်ပြုတ်ရည် - ၂၅၀ မီလီ
  • စပါးလင် (အပြင်အလွှာခွာထားပါ) - ၂ ချောင်း
  • ပတည်းကော (ခပ်ပါးပါးလှီးထားပါ) - ၁ လက်မ ခွဲ
  • ရှောက်ရွက် (အရွက်ကိုအပိုင်းတွေပိုင်းထားပါ) - ၅ ရွက်
  • ငရုတ်သီးစိမ်း - ၅ တောင့်
  • ငရုတ်သီးစိမ်း - ၅ တောင့်

ပါဝင်ပစ္စည်းများ (ဟင်းရည်ထဲထည့်ရန်)

  • မှိုအဖြူ (အမြစ်ဖြတ် တစ်ခုစီခွဲထားပါ) - ၁၆၀ ဂရမ်
  • ခရမ်းချဉ်သီး (အရှည်လိုက်လှီးထားပါ) - ၂ လုံး
  • ကြက်သွန်နီအလုံးလတ် (အရှည်လိုက်လှီးထားပါ) - ၁ လုံး
  • သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငံပြာရည် - ၃ ၁/၂
  • ထမင်းစားဇွန်း သံပုရာရည် - ထမင်းစားဇွန်း ၄ ဇွန်း
  • ငရုတ်သီးနှစ် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နံနံပင် (အလှဆင်ရန်) - ၂ ပင်

Preparation
Prep Time: 10min | Cook Time: 30min

ပြုလုပ်နည်း 

  • ၁။ ပုဇွန်ခေါင်းများကို အိုးအကြီးထဲထည့်ပါ။ ပြီးလျှင် အသားထုတူဖြင့် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နှင့် စပါးလင်များကို ဓားပြားရိုက်ပါ။ အနံ့အရသာများထွက်လာအောင်ပါ။ ပြီးလျှင်အိုးထဲထည့်ပါ။ လက်ဖြင့်  ရှောက်ရွက်ကိုခြေပြီး အိုးထဲထည့်ပါ။ ပြီးလျှင် ပတည်းကော၊ ကြက်ပြုတ်ရည် နှင့် ရေများထည့်ပါ။ ဆူပွတ်လာသည်အထိ မီးပြင်းပြင်းဖြင့် အဖုံးအုပ်တည်ပါ၊ ပြီးလျှင် မီးအနေတော်ထားပြီး ဆူရုံ့ ၁၀ မိနစ်လောက် ထပ်တည်ပါ။ ရေစစ်ပါ၊ ပုဇွန်းခေါင်းနှင့် အခြားအရာများ ဖယ်ရှားပစ်ပါ၊ ပြီးလျှင် အရည်ကို ထိုအိုးထဲပြန်ထည့်ပြီး မီးမျင်မျင်လေးဖြင့် တည်ထားပါ။
  • ၂။ ပြုတ်ရည်ထဲ ကြက်သွန်နီ နှင့် မှို ထည့်ပြီး ၃ မိနစ်လောက် ဆူအောင်တည်ပါ။ ပြီးလျှင် ခရမ်းချဉ်သီး ငရုတ်သီးအနှစ်များ ထည့်ပြီး ၁ မိနစ်လောက်ဆူအောင်တည်ပါ။ ပြီးလျှင် U.S. Frozen Steak Cut အာလူး ထည့်ပြီး ၃ -၄ မိနစ်လောက် ဆူအောင် အာလူးနူးသည်အထိတည်ပြီး ငရုတ်သီးစိမ်း၊ ငါး ထည့်ပြီး ၂ မိနစ်လောက် ကျက်သည် အထိတည်ပါ။ သကြား နှင့် ငံပြာရည် ထည့်ပြီး ၁ မိနစ်လောက် ဆူအောင်ထားပါ။ ပြီးလျှင် သံပုရာရည်ထည့်ပြီး အရသာမြည်းကြည့်ပါ။ စိတ်တိုင်းကြ အချို (သကြား)၊ အငံ (ငံပြာရည်) နှင့် အချဉ် (သံပုရာရည်) များကို ပြုပြင်ပါ။ ဇွန်းခွက်ဖြင့် ပန်ကန်လုံး ထဲထည့်ပြီး နံနံပင်ဖြူးလို့ စားသုံးနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.