fbpx

Main Dish

U.S. အာလူးတုံးနှင့် ကြက်သားကြော်

  • Ready Time: 30min
    No Reviews
  • Prep Time: 15min
    Cook Time: 15min
  • Serves: ၄ ဦးစာ
    Prep Method: Fried
Share on Print

Description

Recipe by: Chef Linh

ဤ လွယ်ကူပြီးဗိုက်ပြည့်စေသော အာလူးတုံးလေးများနှင့် ကြက်သားကြော်ဟင်းလျာသည် အရသာနှင့်ခံစားမှုကောင်းများကို ပေးစွမ်းနိုင်သည်။ ကြက်ကြော်မွမွ၊ အာလူးကြော်ကြွပ်ကြွပ်နှင့် မီးခိုးအနံ့နှင့် ချိုသောအရသာရှိသည့်ဆော့တို့က သင့်တစ်နေ့တာကို လန်းဆန်းစေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

Ingredients

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံ (အတုံးတုံးထားရန်) - ၃၀၀ ဂရမ်
  • ငရုတ်ပွအနီ (အတုံးတုံးထားရန်) - ၁/၂ ခု
  • ငရုတ်ပွအ၀ါ (အတုံးတုံးထားရန်) - ၁/၂ ခု
  • ငရုတ်ပွအစိမ်း (အတုံးတုံးထားရန်) - ၁/၂ ခု
  • ကြက်သွန်နီ (အတုံးတုံးထားရန်) - ၅၀ ဂရမ်
  • U.S. Frozen Tater Tots - ၁၀၀ ဂရမ်
  • ကြက်သွန်မြိတ် (နုပ်နုပ်စဉ်း) - ၂၀ ဂရမ်
  • နံနံပင် (နုပ်နုပ်စဉ်း) - ၁၀ ဂရမ်

ဆော့ပြုလုပ်ရန်

  • အကင်ဆော့ - ၁၅ဂရမ်
  • ခရမ်းချဉ်သီးဆော့ - ၁၅ဂရမ်
  • ငရုတ်သီးဆော့ - ၁၅ ဂရမ်
  • ခရုဆီ - ၂၀ ဂရမ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် - သင့်တော်ရုံ

Preparation
Prep Time: 15min | Cook Time: 15min

  • အာလူးတုံးလေးများကိုဆီပူတွင်ကြော်ပါ (သို့) air-fryer ဖြင့် ၂၀၀ဒီဂရီစင်တီတွင် ၁၀-၁၅ မိနစ်ခန့် အာလူးများ ရွှေညိုရောင်သမ်းလာသည်အထိကြော်ပါ။
  • အကြော်ဆော့ပြုလုပ်ရန်အတွက် အကင်ဆော့၊ ခရမ်းချဉ်သီးဆော့၊ ငရုတ်သီးဆော့၊ ခရုဆီ၊ ဆားနှင့် ငရုတ်ကောင်းတို့ကို သင့်တော်ရုံထည့်မွှေပါ။
  • ကြက်သားများကို ကြက်သွန်နီ၊ ငရုတ်ပွ အနီ၊အ၀◌ါ၊ အစိမ်းတို့ထည့်ကာကြော်ပါ။ အားလုံးကျက်ပြီ ဆိုပါက ကြော်ထားသောအာလူးများနှင့် အကြော်ဆော့တို့ကို ထည့်ပြီး အားလုံးကို ဆော့များအုပ်သွားသည် အထိမွှေပေးပါ။
  • အရသာအတွက် ဆားနှင့်ငရုတ်ကောင်းထည့်ပါ။ အပေါ်မှ ကြက်သွန်မြိတ်နှင့် နံနံပင်ဖြူးပါ။
  • ချက်ထားသည်များကို ပန်းကန်ပြားတစ်ခုအတွင်းပြောင်းထည့်ကာ တည်ခင်းပါ။မှတ်ချက်-U.S. tater tots များကို အေးခဲနေသည့်အတိုင်းဆီတွင်ကြော်ပါ (သို့) air-fryer ဖြင့်ကြော်ပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.