Appetizer
Snack
U.S. Straight Cut နှင့် ပုဇွန်၊ အသီးအရွက် ဗီယက်နမ် ဆန်ပြားလိပ်
Ready Time: 30min
No Reviews
Prep Time: 10min
Cook Time: 20min
Cuisine: Asian
Serves: 3-4
Ingredients
- U.S. Frozen Shoestring - ၁/၂ ခွက်
- လတ်ဆတ် ဆန်ကြာဇံ - ၁၀၀ ဂရမ်
- ဆန်ပြားလိပ်ရွက် - ၄ (၈.၅ စင်တီ)
- ပုဇွန် အကောင်ကြီး (ချက်ပြီးသား) - ၈ ကောင်
- ပူဒီနာ (လှီးထားပါ) - ၁ ၁/၂ ထမင်းစားဇွန်း
- ဆလတ်ရွက် (ခပ်ကြမ်းကြမ်းလှီးထားပါ) - ၁ ရွက်
- သခွားသီး (ခပ်ပါးပါး အချောင်းရှည်လှီးထားပါ) - ၁/၄
- ငရုတ်ပွနီ (မီးခြစ်စံချောင်းအရွယ်လေးတွေလှီးထားပါ) - ၁/၄
- ငရုတ်ပွဝါ (မီးခြစ်စံချောင်းအရွယ်လေးတွေလှီးထားပါ) - ၁/၄
Preparation
Prep Time: 10min | Cook Time: 20min
ပြုလုပ်နည်း
- ၁။ နှစ်ထပ်ပေါင်းအိုးထဲ ရေ ၂ ခွက်လောက်ထည့်ပါ။ U.S. အာလူးချောင်းများကို ပေါင်းအိုး ဇကာ အိုးထဲ သေချာဖျန့်တင်ပါ၊ ပြီးလျှင် ၇ – ၈ မိနစ်လောက် အငွေ့ဖြင့်ပေါင်းပါ။ ပြီးလျှင် အာလူးများကို ပေါင်းအိုးဇကာမှ ထုတ်ပြီး အအေးခံထားပါ။
- ၂။ ဆန်ပြားရွက်ကို ရေအေးထဲ ၁ မိနစ်လောက် စိမ်ပါ၊ ပြီးလျှင် ပန်းကန်အပြန့်ပေါ် တင်ပါ၊ ပြီးလျှင် အသီးအရွက်များသေချာစီတင်ပါ၊ အာလူးချောင်းများကို သေချာစီတင်ပါ၊ ပြီးလျှင် ပုဇွန်ကောင်များ သေချာညီညာ တစ်တန်းထဲစီတင်ပါ။ ပြီးလျှင် ဆေးလိပ် လိပ်သလိုမျိုး ပါဆယ်ထုပ်လို့လိပ်ပါ။ လိုက်ဖက်သော ဆော့စ်ဖြင့် အတူသုံးဆောင်ပါ။