Appetizer
Side Dish
Main Dish
Snack
တုန်ယမ်း U.S. အာလူးချောင်းကြော်
Ready Time: 15min
No Reviews
Prep Time: 5min
Cook Time: 10min
Cuisine: Thai
Serves: 4
Prep Method: Stir Fry
Ingredients
ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)
- U.S အေးခဲအာလူးချောင်း (Shoestring or Straight or Crinkle Cut) - ၅၀၀ ဂရမ်
- မိမိကြိုက်နှစ်သက်ရာ တုန်ယမ်းအရသာအနှစ် − ထမင်းစားဇွန်း ၁ ဝက်စာ
- ကြက်သွန်မြိတ် − အနည်းငယ်
- အာလူးကြော်ရန်ဆီ − မိမိလိုသလောက်
Preparation
Prep Time: 5min | Cook Time: 10min
အာလူးချောင်းကြော် ပြုလုပ်ရန်
- ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
- ဆီပူလာလျှင် အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
- အာလူးချောင်းများ ရွှေညိုရောင်သမ်းပြီး ကြွပ်စပြုလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။
ပြင်ဆင်ပြုလုပ်ရန်
- ဒယ်ထဲတွင် တုန်ယမ်းအနှစ်ကိုထည့်ပြီး မွှေးလာသည်အထိ ဆီသတ်ပါ။
- နောက်ဆုံးတွင် ကြော်ထားသော အာလူးချောင်းကြော်များကို ထည့်ပြီး သမအောင် မွှေကြော်ပေးပါ။
- အပေါ်မှ နုတ်နုတ်စင်းထားသော ကြက်သွန်မြိတ် အနည်းငယ်ကို ဖြူးပြီးလျှင် အချိန်တိုအတွင်း ပြင်ဆင်နိုင်သော တုန်ယမ်းအရသာ အာလူးချောင်းကြော် တစ်ပွဲကို ရရှိသွားပြီ ဖြစ်ပါသည်။
- အဆိုပါ တုန်ယမ်းအာလူးချောင်းကြော်ကို အဆာပြေအဖြစ် သီးသန့်စားနိုင်သလို ထမင်းဖြူဖြင့်လည်း တွဲဖက်စားသုံးနိုင်ပါသည်။