fbpx

Appetizer Snack

U.S. အာလူးကြော် နှင့် ပျားရည်ဒိန်ချဥ်ဆောစ့်

  • Ready Time: 16min
    No Reviews
  • Prep Time: 5min
    Cook Time: 10min
  • Cuisine: American
  • Serves: 4
    Prep Method: Fried
Share on Print

Ingredients

ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)

  • U.S အေးခဲအာလူးချောင်း (Shoestring or Straight or Crinkle Cut) - ၅၀၀ ဂရမ်
  • ဒိန်ချဥ် − ၁၀၀ ဂရမ်
  • ပျားရည် − ထမင်းစားဇွန်း ၁ ဇွန်း
  • ဆား − လက်ဖက်ရည်ဇွန်း ၁ ဝက်
  • ငြုပ်ကောင်းမှုန့် − အနည်းငယ်
  • Parsley (သို့) တရုတ်နံနံပင်− အနည်းငယ်
  • သံပုယိုသီး − အနည်းငယ်
  • အာလူးကြော်ရန်ဆီ − မိမိလိုသလောက်

Preparation
Prep Time: 5min | Cook Time: 10min

အာလူးချောင်းကြော် ပြုလုပ်ရန် 

  1. ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
  2. ဆီပူလာလျှင် အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
  3. အာလူးချောင်းများ ရွှေညိုရောင်သမ်းပြီး ကြွပ်စပြုလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။ 
  4. ပြီးလျှင် ဆား နှင့် ငြုပ်ကောင်းမှုန့် အနည်းငယ်စီ ဖြူးကာ အာလူးကြော်များကို အပေါ်အောက် အသာလှန်ကာ သမအောင် လုပ်ထားပေးပါ။

ပြင်ဆင်ပြုလုပ်ရန်

  1. ပန်းကန်လုံးတစ်ခုထဲတွင် ဒိန်ချဥ်၊ နွားနို့၊ ပျားရည်၊ ဆား နှင့် သံပုယိုရည်အနည်းငယ်ကို ညှစ်ပြီး ချောမွေ့သွားအောင် မွှေပေးပါ။ ပြီးလျှင် အရသာမြည်းကြည့်ပြီး မိမိလိုသလိုဖြည့်စွက်ပါ။
  2. နောက်ဆုံးတွင် နုတ်နုတ်စင်းထားသော Persley (သို့) တရုတ်နံနံပင်ကိုပါ ထည့်ပြီး သမအောင် မွှေပေးပါ။
  3. ပြီးလျှင် အဆိုပါ ပျားရည်ဒိန်ချဥ်ဆောစ့်ကို U.S.အားလူးချောင်းကြော် ပူပူလေးများဖြင့် အရသာရှိစွာ မိမိလိုသလို တွဲဖက် သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.