Main Dish
U.S. Frozen Potatoes Wrapped in Tofu Skin and Steamed with Oyster Sauce
Ready Time: 25min
No Reviews
Prep Time: 15min
Cook Time: 10min
Serves: 4
Description
Recipe by: Chef Tran Le Thanh Thien
ဤတိုဟူးရွက်များထဲတွင် မှိုမှရရှိသော အရသာရှိသည့်ကြွပ်ရွခြင်း၊ U.S. frozen straight cut အားအခြား ပါ၀င်ပစည်းများဖြင့်လိုက်ဖက်စေသည့် ဂျင်းအရသာပါ၀င်ခြင်း နှင့် နောက်ဆုံးတွင် ပြီးပြည့်စုံစေရန်အတွက် ခရုဆီဖြင့်ပေါင်းထားခြင်းစသည့် အရသာများပေါင်းစပ်ပါ၀င် သည်။ စားသုံးသူတိုင်းအတွက် အရသာနှင့် အာဟာရရှိစေသော ဟင်းချက်နည်းတစ်မျိုးပင်ဖြစ်သည်။ သင်သည် သားသတ်လွတ်စားသောသူဖြစ်ပါက သားသတ်လွတ်ခရုဆီအားအသုံးပြုနိုင်ပါသည်။
Ingredients
အဓိကပါ၀င်ပစ္စည်းများ
- U.S. Frozen Straight Cut Potatoes - ၂၀၀ ဂရမ်
- လတ်ဆတ်သောတိုဟူးရွက် - ၄ရွက်
- ရှိတာကဲမှိုခြောက် - ၂၀ ဂရမ် (ရေစိမ်ထားရန်)
- ပါးလွှာစွာလှီးထားသော ဂျင်း - လက်ဖက်ရည်ဇွန်း ၁ဇွ
အရသာစပ်ရန်အတွက်ပါ၀င်ပစ္စည်းများ
- ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ၀ိုင်ဖြူ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ပြောင်းဖူးကော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ခရုဆီအနှစ်စပ်ရန် ပါ၀င်ပစ္စည်းများ
- ရေ/ ဟင်းရွက်ပြုတ်ရည်/လတ်ဆတ်သောအုန်းစိမ်းရေ - ၁၀၀ ဂရမ်
- ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ခရုဆီ (သို့) သားသတ်လွတ်ခရုဆီ - လက်ဖက်ရည်ဇွန်း တစ်၀က်
- သကြား - လက်ဖက်ရည်ဇွန်း တစ်၀က်
- ပြောင်းဖူးကော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
Preparation
Prep Time: 15min | Cook Time: 10min
- ရေစိမ်ထားသော ရှိတာကဲမှိုများကို ရေဆေးပြီးပါးပါးလှီးထားပါ။ အမှတ်စဥ် (ခ)အတိုင်းအရသာနယ်ထားပါ။
- တိုဟူးရွက်များကို ဖြန့်လိုက်ပါ။ ထို့နောက်၄င်းတိုဟူးရွက်ထဲတွင် U.S. Straight Cut အေးခဲအာလူးချောင်း၊ လှီးထားသောရှိတာကဲမှို၊ လှီးထားသောဂျင်းထို့ကိုထည့်ပြီးလိပ်လိုက်ပါ။ ၄င်း အလိပ်လေးများကို ခရုဆီအနှစ်စပ်ထားသော (အမှတ်စဉ် (ဂ)အတိုင်း) ပန်းကန် (သို့) လင်ပန်းထဲထည့်လိုက်ပါ။ အနှစ်ပြစ်လာသည်အထိ ၅–၈ မိနစ်ခန့်ပေါင်းလိုက်ပါ။
- နံနံပင် (သို့) ပါးပါးလှီးထားသောငရုတ်သီးများအပေါ်မှဖြူးပေးပါ။ (မိမိထည့်လိုလျှင်)ဤဟင်းလျာသည်ထမင်းဖြူ (သို့) ခေါက်ဆွဲ နှင့်လိုက်ဖက်ပြီး ဒင်ဆမ်းပေါင်းအဖြစ်လည်း တည်ခင်းနိုင်ပါသည်။
Nutrition
Calories202
Fat7.4g
Sodium285mg
Carbohydrates23.3g
Fiber2.3g
Protein12.9g
Potassium205mg
Sugar1.5g