Appetizer
Breakfast/Brunch
Snack
ခွက်ပုံစံ အာလူးမီးဖုတ်
Ready Time: 30min
No Reviews
Prep Time: 15min
Cook Time: 15min
Serves: 4
Description
ဤဟင်းချက်နည်းသည် U.S.Straight Cut အာလူးချောင်းအား ကြက်ဉ၊ ဘေကွန်၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ပင်စိမ်းတို့ဖြင့်ရောထားပြီး မီးဖုတ်ရသောချက်နည်းမျိုးဖြစ် ပြီး ငရုတ်သီးဆော့ဖြင့် တွဲဖက်စားရသောမုန့်ဖြစ်သည်။ ယခုနည်းသည် မနက်စာအတွက်အလွန်သင့် တော်ပြီး ပြုလုပ်ရန်လွယ်ကူသည်သာမက အလွန်အရသာရှိသော သရေစာတစ်မျိုးဖြစ်သည်။
Ingredients
ပါ၀င်ပစ္စည်းများ
- Straight Cut အေးခဲအာလူး - ၁/၂ ပေါင်
- ကြက်ဥ - ၂လုံး
- မှိုင်းတိုက်ဘေကွန် (ခပ်သေးသေးလှီးထား) - ၂ အောင်စ
- ဟင်းနုနွယ်ရွက် (ခပ်သေးသေးလှီးထား) - ၂ အောင်စ
- ကြက်သွန်နီ (နုပ်နုပ်စဉ်း) - ၂ အောင်စ
- ခရမ်းချဉ်သီး (နုပ်နုပ်စဉ်း) - ၂ အောင်စ
- ပင်စိမ်းရွက် - ၁/၂ အောင်စ
- ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- နို့ - ၁ အောင်စ
- ဆီ - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ဆားနှင့်ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်၀က်
- ထိုင်း/ဗီယမ်နမ် အသင့်စားငရုတ်သီးဆော့ - လိုသလောက်
- Cupcake လုပ်သောခွက် - ၄ခွက်
Preparation
Prep Time: 15min | Cook Time: 15min
- Oven အား ၃၅၀ဒီဂရီဖာရင်ဟိုက်တွင် အပူပေးထားပါ။၏
- ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဘေကွန်တို့အား ဆီပူတွင်ကြော်ပါ။
- ထို့နောက် ဟင်းနုနွယ်၊ ခရမ်းချဥ်သီး၊ နို့၊ ဆားနှင့် ငရုတ်ကောင်းတို့ထည့်ပါ။ သမအောင်မွှေကြော်ပြီး နောက် မီးကိုပိတ်လိုက်ပါ။
- ထိုအရောအနှောထဲတွင် ကြက်ဉများနှင့် ပင်စိမ်းရွက်တို့ကိုထည့်လိုက်ပါ။
- ခွက်ထဲတွင်အေးခဲအာလူးချောင်းများကို အနည်းငယ်ခြေထည့်လိုက်ပြီး အပေါ်မှ ချက်ထားသည်များ ကို လောင်းထည့်ကာရောပေးပါ။
- အာလူးခွက်များကို Oven ထဲတွင်ထည့်ကာ ၁၃-၁၅မိနစ်ခန့် မီးဖုတ်ပေးပါ (သို့) အာလူးများ ရွှေညိုရောင်သမ်းလာသည်အထိ မီးဖုတ်ပေးပါ။ မီးဖုတ်ထားသောအာလူးများကို ခွက်ထဲမှထုတ်လိုက်ပြီး ၃-၅ မိနစ်ခန့်အအေးခံထားပါ။
- ထို့နောက် ချက်ချင်းတည်ခင်းကာ စားသုံးနိုင်ပါပြီ။