fbpx

Potato Types

အာလူးဝါများ

အာလူးဝါများနှင့်ဆိုင်သောအချက်အလက်များ

အာလူးဝါများရှိ ကယ်လိုရီနှင့်အာဟာရတန်ဖိုးများအကြောင်းလေ့လာနိုင်ပါသည်။ Grilled Potato Planks နှင့် Yellow Scalloped Potatoes ချက်ပြုတ်နည်းများအပါအဝင်အာလူးဝါချက်ပြုတ်နည်းများ, ကိုလည်း‌ဖော်ပြထားပါသည်။

ပုံပန်းသွင်ပြင် : ဂေါ်လီလုံးအရွယ်မှ ကြီးသောအရွယ်အစား၊ လုံးဝန်းသော သို့မဟုတ် လေးထောင့်စပ်ပုံသဏ္ဍာန်ရှိ၊ အညိုရောင်ဖျော့ဖျော့မှ ရွှေရောင်အခွံ၊ အဝါရောင်မှရွှေရောင်အတွင်းသား
အာလူးသားအနေအထား :အနည်းငယ်စေးကပ်၊ ကတ္တီပါသား၊ စိုထိုင်း
အရသာ : : မသိမသာချို၊ ထောပတ်အရသာပြည့်ဝ၊ သကြားပါဝင်မှုအလယ်အလတ်
သင့်တော်သောအသုံးချမှုများ : မီးသွေးဖြင့်မီးကင်ခြင်း၊ ကင်ခြင်း၊ ထောင်းခြင်း၊ အသုပ်သုပ်ခြင်း

မီးသွေးဖြင့်မီးကင်ခြင်းသည် ကြွပ်ရွသောအခွံနှင့် အာလူးဝါများ၏ထူးခြားသောထောပတ်အရသာနှင့် နူးညံ့သောအာလူးသားကို ပိုမိုကောင်းမွန်စေကာ အနည်းငယ်ချိုသော မီးသင်းသကြားအုပ်ထားသည့်အရသာကိုဖြစ်စေသည်။ နူးညံ့သောအာလူးသားနှင့် ရွှေရောင်အာလူးဝါကို သုံးခြင်းကြောင့် ပိုမိုအရသာပေါ့ပြီး အာဟာရရှိသောဟင်းလျာများချက်ပြုတ်ရာတွင် ထောပတ်ကို အနည်းငယ်သာ (သို့) လုံးဝသုံးစရာမလိုတော့ပေ။ သဘာဝအားဖြင့်ချော့မွေ့သောအာလူးသားသည် အာလူးဖုတ်၊ အာလူးကင် (သို့) အာလူးထောင်းများကို အရသာပေါ့ပေါ့ဖန်တီးရာတွင်အထူးကောင်းမွန်သည်။ ချက်ပြုတ်ကြော်လှော်ခြင်းမပြုမီ အာလူးဝါများကို မီးအေးအေးတွင်နှပ်ပါ။ ထို့နောက် အရည်များကိုသွန်ကာ အအေးခံပြီး အပြားများဖြစ်အောင် အာလူးကို ခပ်ဖွဖွထောင်းပါ။ ပြီးနောက် ဆီ (သို့) သန့်စင်ထားသော ထောပတ်ခဲတွင် အညိုရောင်သမ်းသည်အထိ ကြော်ပြီး ဒိန်ချဉ်နှင့် ဟင်းခတ်အမွှေးအကြိုင် (သို့) အခြားကြက်သွန်မြိတ်၊ နံနံပင် စသည်တို့ကို ဖြူးပြီး စားမြိန်စရာ (သို့) တွဲဖက်ဟင်းပွဲအဖြစ် တည်ခင်းနိုင်သည်။ပိုမိုသိရှိလိုသောအကြောင်းအရာများအတွက်အောက်တွင်ဖော်ပြထားသောအာလူးအမျိုးအစားများနှင့်း အာလူးဝါများ: ဗီဒီယိုတွင်ကြည့်ရှုနိုင်ပါသည်။

အာဟာရဓာတ်များနှင့်ကယ်လိုရီ

အာလူးဝါတစ်ဥ (ခန့်မှန်းချေ ၅.၂အောင်စအရွယ်အစား)တွင် ကယ်လိုရီ ၁၁၀ ပါဝင်ပြီး အကောင်းမွန်ဆုံးသော ပိုတက်ဆီယမ် (ငှက်ပျောသီးတစ်လုံးထက်ပိုမိုပါဝင်) နှင့် ဗီတာမင်- စီ အရင်းအမြစ်တစ်ခုဖြစ်သည်။ အာလူးဝါများသည် ကောင်းမွန်သောဗီတာမင် ဘီ6 အရင်းအမြစ်တစ်ခုဖြစ်ပြီး အဆီဓာတ်၊ ဆိုဒီယမ်နှင့်ကိုလက်စထရောကင်းမဲ့သည်။
အောက်တွင်ဖော်ပြထားသောဓာတ်ပုံများကိုနှိပ်ပြီး အာလူးဝါချက်ပြုတ်နည်းများကိုလေ့လာနိုင်သည်။

Spiralized Potato Waffle Nachos     1 Horizontal Full Dish mini grilled hasselback potatoes     5 Verical Full Dish Fav- potato hummus 5

ချက်ပြုတ်နည်းအသစ်အဆန်းများအတွက် ကျွန်ုပ်တို့၏ အာလူးဝါချက်ပြုတ်နည်းများတွင်လေ့လာနိုင်သည်။