fbpx

Potato Types

အာလူးနီများ

အာလူးနီများနှင့်ဆိုင်သောအချက်အလက်များ

အာလူးနီများရှိ ကယ်လိုရီနှင့်အာဟာရတန်ဖိုးများအကြောင်းလေ့လာနိုင်ပါသည်။ potato calories and nutritional value. Roasted Red Potatoes, Red, White and Blue Potato Salad နှင့် Mashed Red Potatoes ချက်ပြုတ်နည်းများအပါအဝင် အာလူးနီချက်ပြုတ်နည်းများကို ဆက်လက်လေ့လာပါ။.

ပုံပန်းသွင်ပြင်: အသေးမျိုး သို့မဟုတ် ပုံမှန်အရွယ်အစားရှိ၊ လုံးဝိုင် သို့မဟုတ် အနည်းငယ်ရှည်မျောမျောရှိ၊ ချောမွတ်ပါးလျသောအနီရောင်အခွံ၊ အတွင်းသားအဖြူရောင်
အာလူးသားအနေအထား: စေးကပ်စိုစွတ်ပြီး ချောမွတ်ကာ ခရင်မီဖြစ်သည်
အရသာ: : မသိမသာချို၊ သကြားပါဝင်မှုအလယ်အလတ်အဆင့်
သင့်တော်သောအသုံးချမှုများ : မီးကင်ခြင်း၊ ထောင်းခြင်း၊ အသုပ်များ၊ ဟင်းချိုများနှင့်စတူးများ

 

အာလူးနီများဖြင့်ချက်ပြုတ်ခြင်း

၎င်းတို့၏ စေးကပ်သော အာလူးသားကြောင့် အာလူးနီများသည် ကင်သည်ဖြစ်စေ၊ စတူးတွင်ထည့်ချက်သည်ဖြစ်စေ ချက်ပြုတ်ချိန်တစ်လျှောက်လုံးတွင် သိပ်သည်းကျစ်လစ်မှုရှိသည်။, ပါးလွှာသော်လည်း တောက်ပသော အနီရောင်အာလူးခွံကြောင့် တွဲဖက်ဟင်းပွဲတွင်သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်သုပ်များပြုလုပ်ရာတွင်သော်လည်းကောင်း အရောင်နှင့် အာလူးအရသာသည် ပိုမိုဆွဲဆောင်နိုင်သည်။ အာလူးနီများကို နူးညံ့၍စေးကပ်သော အာလူးသုပ်ပြုလုပ်ရာတွင်လည်းကောင်း၊ ပီဇာ၊ ဟင်းရည်နှင့် စတူးများချက်ပြုတ်ရာတွင်လည်းကောင်း အသုံးပြုလေ့ရှိသည်။ အာလူးထောင်း (သို့) အာလူးကင် အနေနှင့်စားသုံးလျှင်လည်း အရသာရှိသည်။ လုံးဝန်းသောအာလူးနီများကို အာလူးသစ်များဟု ရည်ညွှန်းလေ့ရှိသော်လည်း အသစ်ဟူသောဝေါဟာရသည် မရင့်မှည့်မီ ရိတ်သိမ်းထားသောမည့်သည့်အာလူးအမျိုးအစားကိုမဆို ဆိုလိုသည်။ ပိုမိုသိရှိလိုသောအကြောင်းအရာများအတွက် အောက်တွင်ဖော်ပြထားသော အာလူးအမျိုးအစားများနှင့်အကြံပေးချက်များ :အာလူးနီများ ဗီဒီယိုကို ကြည့်ရှုနို်ငပါသည်။

အာဟာရဓာတ်များနှင့်ကယ်လိုရီ

အာလူးနီတစ်ဥ(၅.၂အောင်စအရွယ်အစား)တွင် ကယ်လိုရီ ၁၁၀ ပါဝင်ပြီး အကောင်းမွန်ဆုံးသော ပိုတက်ဆီယမ် (ငှက်ပျောသီးတစ်လုံးထက်ပိုမိုပါဝင်) နှင့် ဗီတာမင်- စီ အရင်းအမြစ်တစ်ခုဖြစ်သည်။ အာလူးနီများသည် ကောင်းမွန်သောဗီတာမင် ဘီ6 အရင်းအမြစ်တစ်ခုဖြစ်ပြီး အဆီဓာတ်၊ ဆိုဒီယမ်နှင့်ကိုလက်စထရောကင်းမဲ့သည်။

အာလူးနီချက်ပြုတ်နည်းများ

Roasted Red Potatoes

Roasted Red Potatoes

Roasted Potatoes with Bacon and Parmesan

Roasted Potatoes with Bacon and Parmesan

Roasted Red Potatoes with Pesto

Roasted Red Potatoes with Pesto

 

 

 

 

ချက်ပြုတ်နည်းအသစ်အဆန်းများအတွက် ကျွန်ုပ်တို့၏ အာလူးနီချက်ပြုတ်နည်းများတွင် လေ့လာနိုင်ပါသည်။