fbpx

Potato Types

ခရမ်းရောင်အာလူးများ

ခရမ်းရောင်အာလူးများနှင့်ဆိုင်သောအချက်အလက်များ

ခရမ်းရောင်အာလူးများရှိ ကယ်လိုရီနှင့်အာဟာရတန်ဖိုးများကိုလေ့လာနိုင်ပါသည်။ ခရမ်းရောင်အာလူးများရှိကယ်လိုရီနှင့်အာဟာရတန်ဖိုးများကိုလေ့လာနိုင်ပါသည်။ Blackened Blue Potato Salad နှင့် Smoked Paprika Blue Potato Soup ချက်ပြုတ်နည်းများအပါအဝင်purple ခရမ်းရောင်အာလူးချက်ပြုတ်နည်းများကို ဖော်ပြထားပါသည်။

ပုံပန်းသွင်ပြင် : အသေးမျိုးမှ အလယ်အလတ်အရွယ်၊ ရှည်မျောမျောသဏ္ဍာန်မှ လက်ချောင်းပုံသဏ္ဍာန်၊ အခွံမှာ ခရမ်းရောင်ရင့်ရင့်၊ အပြာရောင် သို့မဟုတ် အနည်းငယ်နီသောအရောင်ရှိ၊ အပြာရောင်၊ ခရမ်းရောင်၊ လာဗင်ဒါရောင်၊ ပန်းရောင် သို့မဟုတ် အဖြူရောင်အာလူးသားရှိ
အာလူးသားအနေအထား:စိုထိုင်းပြီးကျစ်လျစ်သောအာလူးသား၊ အပြာရောင်ခရမ်းရောင်အာလူးများတွင် ကစီဓာတ်ပါဝင်မှုမြင့်ပြီး အာလူးသားမွသည်
အရသာ : : မြေနံ့သင်းပြီး စိမ့်သည်၊ သကြားပါဝင်မှုနည်း
သင့်တော်သောအသုံးချမှုများ:ကင်ခြင်း၊ မီးသွေးဖြင့်ကင်ခြင်း၊ အသုပ်သုပ်ခြင်း၊ မီးဖုတ်ခြင်း

ခရမ်းရောင်/အပြာရောင်အာလူးများသည် အများအားဖြင့် စိုစွတ်ကာ ကျစ်လစ်သောအာလူးသား ရှိပြီး ချက်ပြုတ်ရာတွင် ပုံစံမပျက်ဘဲ အသုပ်သုပ်သည့်အခါများတွင် ၎င်း၏ တောက်ပ သောအရောင်နှင့် ကောင်းမွန်သောအရသာကို ပိုမိုပေါ်လွင်စေသည်။ Microwave ဖြင့် ချက်ပြုတ်ခြင်းသည် အာလူး၏ခရမ်းရောင်အား အကောင်းဆုံးထိန်းထားနိုင်သော်လည်း ပေါင်းခြင်းနှင့် မီးဖုတ်ခြင်းတို့ သည် ခရမ်းရောင်-အပြာရောင်အာလူးများချက်ပြုတ်ရန်အတွက် အထူးသင့်တော်သော နည်းလမ်းများ ဖြစ်သည်။ ၎င်းတို့၏ မပြင်းသော်လည်း ထူးခြားစွာစိမ့်သောအရသာကြောင့် အစိမ်းရောင်အရွက်သုပ်များနှင့် လိုက်ဖက်သည်။ ခရမ်းရောင်-အပြာရောင်အာလူးများကို အာလူးနီနှင့် အာလူးဖြူများနှင့်ရောကာ အသုပ်များ (သို့) အကင်ပေါင်းစုံပြုလုပ်ခြင်းဖြင့် အာလူးအရောင်သုံးရောင်လုံးကို ပေါ်လွင်ထင်ရှားစေသည်။ ပိုမိုသိရှိလိုသောအကြောင်းအရာများအတွက် အောက်တွင်ဖော်ပြထားသော အာလူးအမျိုးအစားများနှင့် အကြံပြုချက်များ : ခရမ်းရောင်အပြာရောင်အာလူးများ ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။

အာဟာရဓာတ်များနှင့်ကယ်လိုရီ

ခရမ်းရောင်အာလူးတစ်ဥ (ခန့်မှန်းချေ ၅.၂အောင်စအရွယ်အစား)တွင် ကယ်လိုရီ ၁၁၀ ပါဝင်ပြီး အကောင်းမွန်ဆုံးသော ပိုတက်ဆီယမ် (ငှက်ပျောသီးတစ်လုံးထက်ပိုမိုပါဝင်) နှင့် ဗီတာမင်- စီ အရင်းအမြစ်တစ်ခုဖြစ်သည်။ ခရမ်းရောင်အာလူးများသည် ကောင်းမွန်သောဗီတာမင် ဘီ6 အရင်းအမြစ်တစ်ခုဖြစ်ပြီး အဆီဓာတ်၊ ဆိုဒီယမ်နှင့်ကိုလက်စထရောကင်းမဲ့သည်။

အောက်တွင်ဖော်ပြထားသောဓာတ်ပုံများကိုနှိပ်ပြီး ခရမ်းရောင်အာလူးချက်ပြုတ်နည်းများကိုလေ့လာနိုင်သည်။

Causa Morana_horizontal     Purple Potato Salad (1)     2.8.16 Mini Potato Pizzas

ချက်ပြုတ်နည်းအသစ်အဆန်းများအတွက် ကျွန်ုပ်တို့၏ ခရမ်းရောင်အာလူးချက်ပြုတ်နည်းများတွင်လေ့လာနိုင်သည်။