fbpx

Main Dish

U.S. အာလူးချိုချဥ်ကြော်

  • Ready Time: 20min
    No Reviews
  • Prep Time: 10min
    Cook Time: 10min
  • Cuisine: Asian
  • Serves: 4
    Prep Method: Stir Fry
Share on Print

Ingredients

ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)

  • U.S အေးခဲအာလူးချောင်း (Shoestring or Straight or Crinkle Cut) - ၃၀၀ ဂရမ်
  • ငြုပ်ပွစိမ်း ၊ ငြုပ်ပွနီ ၊ ကြက်သွန်နီ − အနည်းငယ်စီ
  • ကြက်သွန်ဖြူ − ၅ မွှာ
  • ကြက်သွန်မြိတ် − အနည်းငယ်
  • အာလူးကြော်ရန်ဆီ − မိမိလိုသလောက်

Preparation
Prep Time: 10min | Cook Time: 10min

အာလူးချောင်းကြော် ပြုလုပ်ရန် 

  1. ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
  2. ဆီပူလာလျှင် အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
  3. အာလူးချောင်းများ ရွှေညိုရောင်သမ်းပြီး ကြွပ်စပြုလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။ 

ပြင်ဆင်ပြုလုပ်ရန်

  1. ချိုချဥ်ကြော်ဆောစ့်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးကို ခွက်တစ်ခုထဲတွင် ထည့်ကာ ရောမွှေပေးထားပါ။
  2. ဒယ်ထဲတွင် ဆီပူလာလျှင် မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူကို ဆီသတ်ပါ။ ပြီးလျှင် ကြက်သွန်နီ၊ ငြုပ်ပွစိမ်း၊ ငြုပ်ပွနီများထည့်ကာ မွှေးလာအောင် ကြော်ပေးပါ။
  3. ပြီးလျှင် ချိုချဥ်ကြော်ဆောစ့်လောင်းထည့်ကာ သမပြီး ပွက်စပြုလာအောင် ကြော်ပေးပြီး အရသာကို လိုသလို ဖြည့်စွက်ပါ။
  4. နောက်ဆုံးတွင် အာလူးချောင်းကြော်များကိုပါ ထည့်မွှေကြော်ပြီး ကြက်သွန်မြိတ်အုပ်ကာ မီးဖိုပေါ်မှ ချကာ အရသာရှိစွာ သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.