fbpx

Appetizer Side Dish Main Dish Snack

တုန်ယမ်း U.S. အာလူးချောင်းကြော်

  • Ready Time: 15min
    No Reviews
  • Prep Time: 5min
    Cook Time: 10min
  • Cuisine: Thai
  • Serves: 4
    Prep Method: Stir Fry
Share on Print

Ingredients

ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)

  • U.S အေးခဲအာလူးချောင်း (Shoestring or Straight or Crinkle Cut) - ၅၀၀ ဂရမ်
  • မိမိကြိုက်နှစ်သက်ရာ တုန်ယမ်းအရသာအနှစ် − ထမင်းစားဇွန်း ၁ ဝက်စာ
  • ကြက်သွန်မြိတ် − အနည်းငယ်
  • အာလူးကြော်ရန်ဆီ − မိမိလိုသလောက်

Preparation
Prep Time: 5min | Cook Time: 10min

အာလူးချောင်းကြော် ပြုလုပ်ရန် 

  1. ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
  2. ဆီပူလာလျှင် အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
  3. အာလူးချောင်းများ ရွှေညိုရောင်သမ်းပြီး ကြွပ်စပြုလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။ 

ပြင်ဆင်ပြုလုပ်ရန်

  1. ဒယ်ထဲတွင် တုန်ယမ်းအနှစ်ကိုထည့်ပြီး မွှေးလာသည်အထိ ဆီသတ်ပါ။
  2. နောက်ဆုံးတွင် ကြော်ထားသော အာလူးချောင်းကြော်များကို ထည့်ပြီး သမအောင် မွှေကြော်ပေးပါ။
  3. အပေါ်မှ နုတ်နုတ်စင်းထားသော ကြက်သွန်မြိတ် အနည်းငယ်ကို ဖြူးပြီးလျှင် အချိန်တိုအတွင်း ပြင်ဆင်နိုင်သော တုန်ယမ်းအရသာ အာလူးချောင်းကြော် တစ်ပွဲကို ရရှိသွားပြီ ဖြစ်ပါသည်။
  4. အဆိုပါ တုန်ယမ်းအာလူးချောင်းကြော်ကို အဆာပြေအဖြစ် သီးသန့်စားနိုင်သလို ထမင်းဖြူဖြင့်လည်း တွဲဖက်စားသုံးနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.