fbpx

Dessert

ရောင်စုံမုန့်လုံးရေပေါ်နှင့်အုန်းသီး

  • Ready Time: 25min
    No Reviews
  • Prep Time: 15min
    Cook Time: 10min
  • Cuisine: Asian
  • Serves: 5
    Prep Method: Boiled
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Dehydrated Potato Flakes - ၄၀၀ ဂရမ်
  • ကောက်ညှင်းအမှုန့် - ၄၀၀ ဂရမ်
  • ရေ - ၃၀၀ ဂရမ်
  • ထန်းလျက် - ၁၀၀ ဂရမ်
  • Food coloring - အနည်းငယ် (အဝါ ၊ အနီ ၊ အစိမ်း)
  • အုန်းသီး - ၁၀၀ ဂရမ် (ခြစ်ပြီးသား)

Preparation
Prep Time: 15min | Cook Time: 10min

ပြုလုပ်ပုံအဆင့်ဆင့်

  • U.S. Dehydrated Potato Flakes နှင့် ကောက်ညှင်းအမှုန့်တို့ကို ရေနှင့်သမအောင် ရောနှယ်ပါ။ ပြီးလျှင် ၄ ပုံပုံပြီး ၃ ပုံတွင် အနီရောင်ကို ၁ ပုံထည့်ပါ။ အဝါရောင်ကို ၁ ပုံထည့်ပါ။ အစိမ်းရောင်ကို ၁ ပုံထည့်ပြီး ကျန် ၁ ပုံကို အဖြူရောင်ချန်ထားပါ။ 
  • ပြီးလျှင် ထန်းလျက်များကို အစိတ်လေးများစိတ်ထားပြီး အရောင်တစ်မျိုးစီထဲထည့်ပြီးလုံးထားပါ။ 
  • ရေနွေပွက်ပွက်ဆူလာအောင်တည်ထားပါ။ ဆူလာလျှင် လုံးထားသော ရောင်စုံမုန့်လုံးရေပေါ်များထည့်ပြုတ်ပြီး 
  • ရေပေါ်ပြန်ပေါ်လာသည်အထိ ပြုတ်ထားပါ။ 
  • ပေါ်လာလျှင် ဆယ်ပြီး ရေအေးထဲသို့ ပြန်စိမ်ပါ။
  • မုန့်သားအေးလာသည်အထိ စိမ်ပြီးရေစစ်ထားပါ။ ပြီးလျှင် ထိုရောင်စုံမုန့်လုံးရေပေါ်များကို ခြစ်ထားသော အုန်းသီးအမှုန့်များနှင့်ကပ်ပြီး မိမိနှစ်ကြိုက်ရာပန်းကန်ထဲသို့ ထည့်ပြီး တည်ခင်းကျွေးမွေးပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.