Dessert
ရောင်စုံမုန့်လုံးရေပေါ်နှင့်အုန်းသီး
Ready Time: 25min
No Reviews
Prep Time: 15min
Cook Time: 10min
Cuisine: Asian
Serves: 5
Prep Method: Boiled
Ingredients
ပါဝင်ပစ္စည်းများ
- U.S. Dehydrated Potato Flakes - ၄၀၀ ဂရမ်
- ကောက်ညှင်းအမှုန့် - ၄၀၀ ဂရမ်
- ရေ - ၃၀၀ ဂရမ်
- ထန်းလျက် - ၁၀၀ ဂရမ်
- Food coloring - အနည်းငယ် (အဝါ ၊ အနီ ၊ အစိမ်း)
- အုန်းသီး - ၁၀၀ ဂရမ် (ခြစ်ပြီးသား)
Preparation
Prep Time: 15min | Cook Time: 10min
ပြုလုပ်ပုံအဆင့်ဆင့်
- U.S. Dehydrated Potato Flakes နှင့် ကောက်ညှင်းအမှုန့်တို့ကို ရေနှင့်သမအောင် ရောနှယ်ပါ။ ပြီးလျှင် ၄ ပုံပုံပြီး ၃ ပုံတွင် အနီရောင်ကို ၁ ပုံထည့်ပါ။ အဝါရောင်ကို ၁ ပုံထည့်ပါ။ အစိမ်းရောင်ကို ၁ ပုံထည့်ပြီး ကျန် ၁ ပုံကို အဖြူရောင်ချန်ထားပါ။
- ပြီးလျှင် ထန်းလျက်များကို အစိတ်လေးများစိတ်ထားပြီး အရောင်တစ်မျိုးစီထဲထည့်ပြီးလုံးထားပါ။
- ရေနွေပွက်ပွက်ဆူလာအောင်တည်ထားပါ။ ဆူလာလျှင် လုံးထားသော ရောင်စုံမုန့်လုံးရေပေါ်များထည့်ပြုတ်ပြီး
- ရေပေါ်ပြန်ပေါ်လာသည်အထိ ပြုတ်ထားပါ။
- ပေါ်လာလျှင် ဆယ်ပြီး ရေအေးထဲသို့ ပြန်စိမ်ပါ။
- မုန့်သားအေးလာသည်အထိ စိမ်ပြီးရေစစ်ထားပါ။ ပြီးလျှင် ထိုရောင်စုံမုန့်လုံးရေပေါ်များကို ခြစ်ထားသော အုန်းသီးအမှုန့်များနှင့်ကပ်ပြီး မိမိနှစ်ကြိုက်ရာပန်းကန်ထဲသို့ ထည့်ပြီး တည်ခင်းကျွေးမွေးပါ။