fbpx

Soup Main Dish

U.S. အာလူးမာလာမောက်ချိုက်

  • Ready Time: 15min
    1 Review
  • Prep Time: 5min
    Cook Time: 10min
  • Cuisine: Asian
  • Serves: 4
    Prep Method: Boiled
Share on Print

Ingredients

ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)

  • U.S. အေးခဲအာလူး (Straight or Crinkle Cut) – ၅၀၀ ဂရမ်
  • ကြက်ပြုတ်ရည် − ၁ လီတာခန့်
  • မာလာရှမ်းကော အနှစ် (သို့) မာလာဟော့ပေါ့ အနှစ် − ထမင်းစားဇွန်း ၂ ဇွန်းစာ
  • ဆား − ထမင်းစားဇွန်း ၁ ဝက်
  • ပဲငံပြာရည်အကြည် − ထမင်းစားဇွန်း ၁ ဇွန်း
  • နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း − အနည်းငယ်စီ
  • ကြက်သွန်မြိတ် (အောက်ခြေပိုင်း)− အနည်းငယ်
  • မြေပဲကြော်၊ နှမ်းဖြူ၊ နံနံပင် − အနည်းငယ်စီ

Preparation
Prep Time: 5min | Cook Time: 10min

ပြင်ဆင်ချက်ပြုလုပ်ရန်

  1. U.S. အေးခဲအာလူးများကို အနေတော်အရွယ်များ ဖြစ်အောင် မိမိစိတ်ကြိုက် လှီးဖြတ်ထားပါ။
  2. မိမိအသုံးပြုမည့် မာလာအနှစ်ကို ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်အောက်ပိုင်းအနည်းငယ် တို့ဖြင့် မွှေးလာအောင် ဆီသတ်ပေးပါ။
  3. ကြက်ပြုတ်ရည်ပွက်ပွက်ဆူလာလျှင် အဆိုပါ ဆီသတ်ထားသော မာလာအနှစ်ကို ထည့်ပြီး ပဲငံပြာရည် နှင့် ဆားကို မိမိ စိတ်ကြိုက် အရသာ အပေါ့အငန် အလိုက် လိုသလို ထည့်ပေးပါ။
  4. ပြီးလျှင် အေးခဲအာလူးတုံးများကို ထည့်ပြီး ပွက်ပွက်ဆူလာအောင် ၃ မိနစ်ခန့် ဆက်တည်ပေးပါ။
  5. နောက်ဆုံးတွင် ပွဲပြင်မည့် ပန်းကန်ထဲသို့ ပြောင်းထည့်ပြီး အပေါ်မှ မြေပဲကြော်၊ နှမ်းဖြူ၊ နံနံပင် အုပ်ကာ အနံ့အရသာမွှေးကြိုင် ကောင်းမွန်သော အာလူးမာလာမောက်ချိုက်တစ်ပွဲကို ပူပူနွေးနွေး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

1 Review

2 years ago

I have cooked this

2 years ago

I have cooked this

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.