fbpx

Snack

U.S. အာလူးချောင်းမလိုင် Double Cheese ချိစ် ပီဇာ

  • No Reviews
  • Prep Time: 15min
    Cook Time: 20min
  • Serves: 5
Share on Print

Ingredients

Ingredients

  • U.S. Frozen Straight Cut အာလူး - 450 ဂရမ်
  • ထောပတ် သို့မဟုတ် မာဂျရင်း - 3 ဇွန်း
  • ဂျုံမှုန့် - 6 ဇွန်း
  • ခရင်မ် သို့မဟုတ် နို့ဆီ - 2 ဇွန်း
  • နို့ - 300 ml
  • သကြား - 2 ဇွန်း
  • Mozzarella ဒိန်ခဲ (ပီဇာဒိန်ခဲ) - 300 ဂရမ်

ပီဇာမုန့်စိမ်းအတွက် ပါဝင်ပစ္စည်းများ

  • မုန့်ညက် - 450 ဂရမ်
  • ရေ - 250 ml
  • သကြား - 35 ဂရမ်
  • ဆား - 10 ဂရမ်
  • တဆေး - 10 ဂရမ်
  • ဆီ - 50 ဂရမ်

Preparation
Prep Time: 15min | Cook Time: 20min

ပီဇာမုန့်သား ပြုလုပ်နည်း

  • ရေတဝက်နှင့် Yeast တဆေးကို ရောမွှေထားပါ။
  • ပြီးလျှင် ကျန်ရေတဝက်ကို သကြားထည့်ပြီး ရောမွှေထားပါ။
  • သကြားကြေပြီဆိုလျှင် ဂျုံမှုန့်၊ ဆီ၊ Yeast၊ သကြား တို့ဖြင့် ရောသမအောင် လက်ဖြင့် နာနာနယ်ပေးပါ။
  • သေချာမှုန့်သားှပ်သည်အထိ မွှေပါ။ နောက်ဆုံးမ ဆားထည့်ပါ။
  • မုန့်သားလေးနှံ့ပြီဆိုလျှင် အလုံးလေးများပြုလုပ်ပြီး ၅ မိနစ်ကြာအောင် ဂျုံလုံးအပွခံပြီးလျှင် မုန့်သားကို လိမ့်ပြား (သို့) လက်ဖြင့်ပြားပါ။
  • မုန့်သားအဝိုင်းအပြည့်ရလျှင် ၁၅ မိနစ်လောက် အပွခံပြီးလျှင် ပီဇာအောက်ခံ မုန့်သားရပါပြီ။

ခရင်မ်မလိုင် ပြုလုပ်နည်း

  • အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။
  • ပြီးလျှင် ဂျုံမှုန့်ထည့်ပြီး မွှေပါ။
  • ဂျုံနှင့်ထောပတ် တသားထဲ ရပြီဆိုလျှင် နွားနို့၊ ခရင်မ် (သို့) နို့ဆီ၊ သကြားထည့်ပြီး နှံ့စပ်အောင်မွှေပြီးလျှင် ခရင်(စ်) မလိုင် အနှစ်ရပါပြီ။
  • U.S. Frozen Straight Cut ကို ဆီအပူချိန် (၁၈၀°C) တွင် ရွှေညိုရောင်ရအောင် ကြော်ပြီး ဆီစစ် ထားပါ။

Pizza (ပီဇာ) ပြုလုပ်နည်း

  • ပီဇာမုန့်သားပေါ်တွင် ခရင်မ်မလိုင်အနှစ်ခင်းပါ။
  • ပြီးလျှင် အပေါ်မ ကြော်ထားသော အာလူးကို ညီအောင်သေချာစီပြီး တင်ပေးပါ။
  • ပြီးလျှင် အာလူးပေါ်မ Mozzarella ချိစ် (ပီဇာချိစ်)ကို အာလူးကို ဖုံးအုပ်သည်အထိ သေချာလေးတင်ပြီးလျှင် Oven ထဲတွင် အပူချိန် ၂၅၀°C အပေါ် မီးအောက်မီးဖြင့် ၁၀ မိနစ်နီးပါး ကြာအောင် Bake လုပ်ပေးပါ။
  • ခပ်ကြွပ်ကြွပ်လေး မွမွလေး လိုချင်ပါက အချိန်နည်းနည်း ပိုထားပေးပါ။
  • အချိန်ပြည့်ပြီး ပီဇာအရောင်လေးလည်းလှပြီဆိုရင် မိမိကြိုက်နှစ်သက်သလို အာလူးပီဇာပေါ်တွင် မရိုးနစ်ထည့်ပြီး သုံးဆောင်နိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.