fbpx

Soup

အာလူးဝါ၊ ဝက်နံရိုးနှင့် ကောက်ရိုးမှိုစွပ်

  • Ready Time: 60min
    No Reviews
  • Prep Time: 15min
    Cook Time: 45min
  • Potato Type: Yellow
  • Serves: 4
Share on Print

Description

Recipe by: Chef Linh

ဆောင်းရာသီနှင့် အလိုက်ဖက်ဆုံး ဟင်းချိုတစ်ခုဖြစ်ပြီး အသားနှင့် U.S. အာလူးဝါ အတွဲအဖက်မှာ တစ်ခုခုမှားနိုင်စရာ မရှိပါ။ အရသာ ကောင်းမွန်လှသောကြောင့် သင့်မိသားစုဝင်များအားလုံး ကြိုက်နှစ်သက်မည့် ဟင်းချိုဖြစ်မည်မှာ မလွဲပါ။

Ingredients

ပါဝင်ပစ္စည်းများ

  • အနေတော် တုံးထားသော U.S. အာလူးဝါ - ၃၀၀ ဂရမ်
  • အနေတော် တုံးထားသော မုန်လာဥနီ - ၁ လုံး
  • ရေဆေးပြီး ပဲ - ၅၀ ဂရမ်
  • ရေဆေးပြီး ကောက်ရိုးမှို - ၁၀၀ ဂရမ်
  • ၅ စင်တီမီတာ အတုံးများ တုံးထားသော ဝက်နံရိုး - ၃၀၀ ဂရမ်
  • ရေ - ၁ လီတာ
  • ကြက်သွန်မြိတ် (နုတ်နုတ်စဉ်း) - ၅၀ ဂရမ်
  • နံနံပင် (နုတ်နုတ်စဉ်း) - ၂၀ ဂရမ်
  • ကြက်သားမှုန့် (Knorr) - ၃၅-၄၀ ဂရမ်

Preparation
Prep Time: 15min | Cook Time: 45min

  • အိုးပူပူထဲ ရေတစ်လီတာ ထည့်ပြီး ဝက်နံရိုးများ နူးအိလာသည်အထိ မိနစ်သုံးဆယ်ခန့် ပြုတ်ပါ။
  • U.S. အာလူးဝါများနှင့် မုန်လာဥနီများကို နူးသည်အထိ ဆယ်မိနစ်ခန့် ထည့်ပြုတ်ပါ။
  • ပဲနှင့် ကောက်ရိုးမှိုများ ထည့်၍ ၅ မိနစ်ခန့် ပြုတ်ပါ။
  • ဆား၊ ငရုတ်ကောင်းနှင့် ကြက်သားမှုန့် (Knorr) ထည့်ပြီး အရသာပြင်ဆင်ပါ။
  • ကြက်သွန်မိတ်နှင့် နံနံပင် ထည့်ပါ။
  • ဇလုံအကြီးထဲထွင် ဟင်းချိုထည့်ပြီး ငရုတ်ကောင်းခတ်ပါ။ ထမင်းနှင့် ဟင်းရည်ပူပူနွေးနွေးကို တွဲဖက်၍ အသင့်စားသုံးနိုင်ပါပြီ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.