fbpx

Potato Types

အာလူးပုများ

အာလူးပုများနှင့်ဆိုင်သောအချက်အလက်များ

အာလူးပုများရှိ ကယ်လိုရီနှင့်အာဟာရတန်ဖိုးများကိုလေ့လာနိုင်ပါသည်။  ကယ်လိုရီနှင့်အာဟာရတန်ဖိုးများကိုလေ့လာနိုင်ပါသည်။ Roasted Baby Potato Stacks၊ Seafood Potato Stew ၊ နှင့် Southwest Stuffed Potatoes ချက်ပြုတ်နည်းများအပါအဝင် အာလူးပုချက်ပြုတ်နည်းများကို ဖော်ပြထားပါသည်။

ပုံပန်းသွင်ပြင်:ဤသေးငယ်သော တစ်ကိုက်စာအာလူးများသည် USDA မှသတ်မှတ်ထားသော အဆင့်များအရ “C-size” နှင့် သေးငယ်သောအရွယ်အစားရှိပြီး တစ်ခါတစ်ရံတွင် ပုလဲလုံး (သို့) ဂေါ်လီလုံးဟု ရည်ညွှန်းကြ
အာလူးသားအနေအထား:၎င်းတို့ထက်အရွယ်အစားကြီးမားသောအာလူးမျိုးကွဲများကဲ့သို့ပင် အာလူးပုများသည် အခွံအရောင်နှင့်အတွင်းသားအရောင်၊ ပုံသဏ္ဍာန်၊ အာလူးသားအနေထားနှင့် သကြားဓာတ်ပါဝင်မှုခြင်းတူညီ
အရသာ: ၎င်းတို့ထက်အရွယ်အစားကြီးမားသောအာလူးမျိုးကွဲများနှင့်အရသာဆင်တူသော်လည်း အာလူးပုများသည် ပိုမိုအရသာပြင်းသည်
သင့်တော်သောအသုံးချမှုများ:အသုပ်သုပ်ခြင်း၊ ကင်ခြင်း၊ ကြော်ခြင်း

အာလူးပုများသည် ပါစတာဟင်းပွဲများအတွက် ကောင်းမွန်သောအစားထိုးများပြီး အာဟာရဓာတ်များလည်းပိုမိုပေးစွမ်းနိုင်သည်။ အရောင် အမျိုးမျိုးရှိသောအာလူးပုများကို ရော၍ကြော်ချက်ကာ အရောင်အသွေးစုံလင်သောဟင်းပွဲ ဖန်တီးနိုင် သည်။ ပြင်းသောအရသာနှင့်အကျက်မြန်ခြင်းတို့ကြောင့် အာလူးပုများသည် အသုပ်များအတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။ သံလွင်ဆီ၊ rosemary အရွက်၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် အရောင်စုံ၊ အရသာရှိသော ရိုးရှင်းသည့် အာလူးမီးကင် ပြုလုပ်နိုင်သည်။ ၎င်းတို့အားလှီးရန် (သို့) အခွံခွာရန်မလိုဘဲ အသုံးပြုနိုင်သောကြောင့် ပြင်ဆင်ချိန်ကို လျော့နည်းစေသည်။ ပိုမိုသိရှိလိုသောအကြောင်းအရာများအတွက် အောက်တွင်ဖော်ပြထားသော အာလူးအမျိုးအစားများနှင့် အကြံပြုချက်များ : အာလူးပုများ ဗီဒီယိုကိုကြည့်ရှုနိုင်ပါသည်။

အာဟာရဓာတ်များနှင့်ကယ်လိုရီ

အာလူးပုတစ်ဥ(ခန့်မှန်းချေ ၅.၂အောင်စအရွယ်အစား)တွင် ကယ်လိုရီ ၁၁၀ ပါဝင်ပြီး အကောင်းမွန်ဆုံးသော ပိုတက်ဆီယမ် (ငှက်ပျောသီးတစ်လုံးထက်ပိုမိုပါဝင်) နှင့် ဗီတာမင်- စီ အရင်းအမြစ်တစ်ခုဖြစ်သည်။ အာလူးပုများသည် ကောင်းမွန်သောဗီတာမင် ဘီ6 အရင်းအမြစ်တစ်ခုဖြစ်ပြီး အဆီဓာတ်၊ ဆိုဒီယမ်နှင့်ကိုလက်စထရောကင်းမဲ့သည်။

အာလူးပုချက်ပြုတ်နည်းများ

အောက်တွင်ဖော်ပြထားသောဓာတ်ပုံများကိုနှိပ်ပြီး အာလူးပုချက်ပြုတ်နည်းများကိုလေ့လာနိုင်သည်။

1 Prep Image Spring Baby Potato Salad_v7 1 Seafood Potato Stew (1) Rosemary Split Pea Potato Salad

အာလူးအမျိုးအစားအသစ်ကို စမ်းသပ်ကြည့်ရန် အဆင်သင့်ဖြစ်ပြီလား။ ကျွန်ုပ်တို့၏ အာလူးပုချက်ပြုတ်နည်းများတွင် လေ့လာနိုင်သည်။.