fbpx

Potato Types

အာလူးဖြူများ

အာလူးဖြူများနှင့်ဆိုင်သောအချက်အလက်များ

အာလူးဖြူများရှိ ကယ်လိုရီ အာဟာရတန်ဖိုးများအကြောင်းလေ့လာနိုင်ပါသည်။  Potato Pierogies နှင့် Cheesy Asparagus Potato Tart ချက်ပြုတ်နည်းများအပါအဝင် အာလူးဖြူချက်ပြုတ်နည်းများကိုလည်းဖော်ပြထားပါသည်။

ပုံပန်းသွင်ပြင် : အသေးမျိုးမှ အလယ်အလတ်အရွယ်၊ လုံးဝန်း သို့မဟုတ် ရှည်လျားသောပုံသဏ္ဍာန်၊ အဖြူရောင် သို့မဟုတ် အညိုရောင်အခွံ၊ အတွင်းသားအဖြူရောင်
အာလူးသားအနေအထား:ကစီဓာတ်အသင့်အတင့်ပါဝင်၊ အနည်းငယ်ခရင်မ်မီဖြစ်၊ အနည်းငယ် နူးညံ့သိပ်သည်းပါးလွှာသောအခွံရှိ
အရသာ :အနည်းငယ်ချို၊ အရသာပေါ့၊ သကြားပါဝင်မှုနည်း
သင့်တော်သောအသုံးချမှုများ : ထောင်းခြင်း၊ အသုပ်များ၊ ပေါင်းခြင်း/ပြုတ်ခြင်း၊ ကြော်ခြင်း

အာလူးဖြူများသည် ချက်ပြုတ်ပြီးနောက်တွင်လည်း ၎င်းတို့၏ပုံသဏ္ဍာန်ကို ကောင်းမွန်စွာ ဆက်လက်ထိန်းထားနိုင်သည်။ ၎င်းတို့၏ သေးငယ်ပါးလွှာသော အာလူးခွံသည် ကတ္တီပါကဲ့သို့နူးညံ့သော အာလူးထောင်းနှင့်လိုက်ဖက်သောကြောင့် အခွံမခွာဘဲ ချက်ပြုတ်နိုင်သည်။ အာလူးဖြူအား ကင်စားခြင်းဖြင့် ၎င်း၏အရသာကို ပိုမိုပေါ်လွင်စေသည်။ အာလူးဖြူများအား ကြော်စား၍လည်းကောင်းသည်။ တမူထူးခြားသောအာလူးသုပ်ဖန်တီးရန်အတွက် ကျက်ပြီးသားအာလူးဖြူကို အခြားအသုပ်များတွင် အသုံးပြုသော ပါဝင်ပစ္စည်းများနှင့် dressing များ ဖြစ်သော Caesar dressing နှင့် ခြစ်ထားသော Parmesan ချိစ် (သို့) Ranch dressing၊ လှီးထားသော ကြက်ဥပြုတ်နှင့် ခြေထားသောဝက်ပေါင်ခြောက်များကိုထည့်၍ပြုလုပ်နိုင်ပါသည်။ ပိုမိုသိရှိလိုသည့်အကြောင်းအရာများကို အောက်တွင်ဖော်ပြထားသော အာလူးအမျိုးအစားများနှင့်အကြံပြုချက်များ : အာလူးဖြူများ ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။

အာဟာရဓာတ်များနှင့်ကယ်လိုရီ

အာလူးဖြူတစ်ဥ (ခန့်မှန်းချေ ၅.၂အောင်စအရွယ်အစား)တွင် ကယ်လိုရီ ၁၁၀ ပါဝင်ပြီး အကောင်းမွန်ဆုံးသော ပိုတက်ဆီယမ် (ငှက်ပျောသီးတစ်လုံးထက်ပိုမိုပါဝင်) နှင့် ဗီတာမင်- စီ အရင်းအမြစ်တစ်ခုဖြစ်သည်။ အာလူးဖြူများသည် ကောင်းမွန်သောဗီတာမင် ဘီ6 အရင်းအမြစ်တစ်ခုဖြစ်ပြီး အဆီဓာတ်၊ ဆိုဒီယမ်နှင့်ကိုလက်စထရောကင်းမဲ့သည်။

အောက်တွင်ဖော်ပြထားသောဓာတ်ပုံများကိုနှိပ်ပြီး အာလူးဖြူချက်ပြုတ်နည်းများကိုလေ့လာနိုင်သည်။

1 One-Pan-Chicken-Potato-Gratin-680-5     1 Homemade Tater Tots - Gluten Free     1 Vertical cucumber potato salad 1-1

ချက်ပြုတ်နည်းအသစ်အဆန်းများအတွက် ကျွန်ုပ်တို့၏ အာလူးဖြူချက်ပြုတ်နည်းများတွင်လေ့လာနိုင်သည်။