fbpx

Potato Types

လက်ချောင်းသဏ္ဍာန်အာလူးများ

လက်ချောင်းသဏ္ဍာန်အာလူးများနှင့်ဆိုင်သောအချက်အလက်များ

လက်ချောင်းသဏ္ဍာန်အာလူးများရှိ ကယ်လိုရီ နှင့်အာဟာရတန်ဖိုးများကိုလေ့လာနိုင်ပါသည်။  Roasted Fingerling Potatoes၊ Grilled Fingerling Potatoes နှင့် Caramelized Christmas Potatoes ချက်ပြုတ်နည်းများအပါအဝင် လက်ချောင်းသဏ္ဍာန်အာလူး ချက်ပြုတ်နည်းများကို ဖော်ပြထားပါသည်။

ပုံပန်းသွင်ပြင် :၂-၄လက်မရှည်၊ လက်ချောင်းပုံသဏ္ဍာန် သို့မဟုတ် ရှည်မျောမျော၊ အနီရောင်၊ လိမ္မောရောင်၊ ခရမ်းရောင် သို့မဟုတ် အဖြူရောင်အခွံ၊ အနီရောင်၊ လိမ္မောရောင်၊ ခရမ်းရောင် သို့မဟုတ် အဖြူရောင်အတွင်းသား၊ တစ်ခါတစ်ရံတွင် အရောင်အရေးကြောင်းများအစင်းစင်းဖြစ်လေ့ရှိ
အာလူးသားအနေအထား : : စေးကပ်ပြီးကျစ်လျစ်
အရသာ :ထောပတ်ကဲ့သို့ စိမ့်ပြီး မြေနံ့သင်း၊ သကြားပါဝင်မှုအလယ်အလတ်
သင့်တော်သောအသုံးချမှုများ : ဒယ်ပြားဖြင့်ကြော်ခြင်း၊ ကင်ခြင်း၊ အသုပ်သုပ်ခြင်း

လက်ချောင်းသဏ္ဍာန်အာလူးများ၏ အရောင်နှင့်ပုံသဏ္ဍာန်သည် မည်သည့်ဟင်းပွဲမျိုးတွင်မဆို အမြင်လှရန်အတွက် အသုံးပြုရန်သင့်တော်သည်။ ဒယ်ပြားတွင် ကြော်ခြင်းနှင့် မီးကင်ခြင်းသည် ၎င်းတို့၏ ချိုစိမ့်စိမ့်အရသာကို အထူးပေါ်လွင်စေသည်။ တမူထူးခြားသော အာလူးသုပ်ပြုလုပ်ရန်အတွက် လက်ချောင်းသဏ္ဍာန်အာလူးများကို ပြောင်းလဲအသုံးပြုနိုင်သည်။ ၎င်းအာလူးကိုအလျားလိုက် အလယ်မှလှီးဖြတ်၍ ထို့နောက် oven ဖြင့်ကင်ကာ အဆာပြေ (သို့) အရံဟင်းအဖြစ် ခရမ်းချဉ်သီးဆော့စ်၊ romesco၊ မယိုးနိစ်တို့ဖြင့် တွဲဖက်ကာ အာလူးချောင်းကြော်နေရာတွင် အစားထိုး စားသုံးနိုင်ပါသည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများအတွက် အောက်တွင်ဖော်ပြထားသော အာလူးအမျိုးအစားများနှင့်အကြံပြုချက်များ : လက်ချောင်းသဏ္ဍာန်အာလူးများ ဗီဒီယိုကို ကြည့်ရှုနိုင်ပါသည်။

အာဟာရဓာတ်များနှင့်ကယ်လိုရီ

လက်ချောင်းသဏ္ဍာန်အာလူးတစ်ဥ (ခန့်မှန်းချေ ၅.၂အောင်စအရွယ်အစား)တွင် ကယ်လိုရီ ၁၁၀ ပါဝင်ပြီး အကောင်းမွန်ဆုံးသော ပိုတက်ဆီယမ် (ငှက်ပျောသီးတစ်လုံးထက်ပိုမိုပါဝင်) နှင့် ဗီတာမင်- စီ အရင်းအမြစ်တစ်ခုဖြစ်သည်။ လက်ချောင်းသဏ္ဍာန်အာလူးများသည် ကောင်းမွန်သောဗီတာမင် ဘီ6 အရင်းအမြစ်တစ်ခုဖြစ်ပြီး အဆီဓာတ်၊ ဆိုဒီယမ်နှင့်ကိုလက်စထရောကင်းမဲ့သည်။

လက်ချောင်းသဏ္ဍာန်အာလူးချက်ပြုတ်နည်းများ

အောက်တွင်ဖော်ပြထားသောဓာတ်ပုံများကိုနှိပ်ပြီး လက်ချောင်းသဏ္ဍာန်အာလူးချက်ပြုတ်နည်းများကိုလေ့လာနိုင်သည်။

1 Chipotle Lime Potatoes and Chicken Roast Salmon, Fingerling Potatoes and Green Beans with Charmoula and Yogurt Sauce V2 Smashed Potato Tikka

ချက်ပြုတ်နည်းအသစ်အဆန်းများအတွက် ကျွန်ုပ်တို့၏ လက်ချောင်းသဏ္ဍာန်အာလူးချက်ပြုတ်နည်းများတွင် လေ့လာနိုင်သည်။