fbpx

Potato Types

မျက်လုံးပါသောအာလူးညို

မျက်လုံးပါသောအာလူးညိုနှင့်ဆိုင်သောအချက်အလက်များ

လတ်ဆတ်သောအာလူးထုတ်ကုန်များနှင့်ဆိုင်သောအချက်အလက်များနှင့် နည်းပညာပိုင်းဆိုင်ရာအသေးစိတ်ဖော်ပြချက်များအတွက် ကျွန်ုပ်တို့၏ အာလူးနှင့်ဆိုင်သောလမ်းညွှန်ချက်များကို ရယူလိုက်ပါ။

ပုံပန်းသွင်ပြင် :အလယ်အလတ်အရွယ်မှ အကြီးစားအရွယ်အထိရှိ ၊ရှည်မျောမျော သို့မဟုတ် အနည်းငယ်ပြားသောဘဲဥပုံ၊ အညိုရောင်ဖျော့ဖျော့မှအညိုရင့်ရောင်ရှိ ၊ ပိုက်ကွန်ကဲ့သို့အခွံ၊ အတွင်းသားသည် အဖြူရောင်မှ အဝါရောင်ဖျော့ဖျော့
အာလူးသားအနေအထား : ထူသည်ခြောက်သည်၊အရသာခပ်ပေါ့ပေါ့ရှိပြီး မွသည်၊ အရသာခပ်ပေါ့ပေါ့ရှိပြီး မွသည်၊
အရသာ: အရသာမပြင်း၊ မြေနံ့သင်း၊ သကြားပါဝင်မှုအလယ်အလတ်အဆင့်
သင့်တော်သောအသုံးချမှုများ:မီးဖုတ်ခြင်း၊ ကြော်ခြင်း၊ ထောင်းခြင်း၊ ကင်ခြင်း
မျက်လုံးပါသောအာလူးညိုများသည် အရသာပေါ့ပြီး အာလူးသားခပ်ပွပွ အာလူးထောင်းများပြုလုပ်ရန်သင့်တော်သည်။ ၎င်းတို့ကို ကြော်ခြင်းဖြင့် ကြွပ်ရွပြီး ရွှေညိုရောင်ရှိသောအာလူးကြော်ကိုရရှိနိုင်ပြီး မီးဖုတ်ရန်သင့်တော်သောအာလူးအမျိုးအစားဖြစ်သည်။ မီးဖုတ်ခြင်းကြောင့်ရရှိလာသော နူးညံ့သောအရသာနှင့် ခပ်ပွပွအတွင်းသားသည် မည်သည့် topping နှင့်မဆိုလိုက်ဖက်ပြီးရိုးရိုးsour creamနှင့် ကြက်သွန်မြိတ် topping တို့မှအစ နှင့်မြေထဲပင်လယ်နှင့်လက်တင်ဒေသဟင်းခတ်အမွှေးအကြိုင်များအထိအတူတွဲဖက်စားရန် သင့်တော်သည်။ ၎င်းအာလူးကို အရှည်လိုက် (သို့) အတုံးလိုက်လှီးကာ oven တွင် မီးကင်ထားသော အရသာရှိသည့် အာလူးချောင်းများ ပြုလုပ်နိုင်သည်။ ပိုမိုသိရှိလိုပါက အောက်တွင်ဖော်ပြထားသော အာလူးအမျိုးအစားများနှင့် အကြံပြုချက်များ ဗီဒီယိုတွင် ကြည့်နိုင်ပါသည်။

အာဟာရဓာတ်များနှင့်ကယ်လိုရီ

မျက်လုံးပါသောအာလူးညိုတစ်ဥ (ခန့်မှန်းချေ ၅.၂အောင်စအရွယ်အစား) တွင် ကယ်လိုရီ ၁၁၀ ပါဝင်ပြီး အကောင်းဆုံးသောပိုတက်ဆီယမ် (ငှက်ပျောသီးတစ်လုံးထက်ပိုမိုပါဝင်) နှင့် ဗီတာမင်-စီအရင်းအမြစ်တစ်ခုဖြစ်သည်။ မျက်လုံးပါသောအာလူးညိုများသည် ကောင်းမွန်သော ဗီတာမင် ဘီ6 အရင်းအမြစ်တစ်ခုဖြစ်ပြီး အဆီဓာတ်၊ ဆိုဒီယမ်နှင့် ကိုလက်စထရောကင်းမဲ့သည်။

မျက်လုံးပါသောအာလူးညိုချက်ပြုတ်နည်းများ

အောက်တွင်ဖော်ပြထားသော ဓာတ်ပုံများကိုနှိပ်ပြီး ၃၅မိနစ် သို့မဟုတ် ၃၅မိနစ်အောက်နည်းသော မျက်လုံးပါသောအာလူးညို ဟင်းချက်နည်းများကိုလေ့လာနိုင်ပါသည်။

ချက်ပြုတ်နည်းအသစ်အဆန်းများအတွက် ကျွန်ုပ်တို့၏ မျက်လုံးပါသောအာလူးညိုချက်ပြုတ်နည်းများတွင် လေ့လာနိုင်ပါသည်။